19

14K 1.1K 59
                                    

Zawgyi

'အဲ့တိုင်းပဲ လုပ်လိုက်လေ'

'ဒါပေမဲ့ ဆရာ'

ဦးမုန်းခန့်ထည် တစ်ဖက်က သူ့တပည့်ကို စိတ်မရှည်ချင်တော့

'မင်းက ငါပြောသလို လုပ်မှာလား မင်းလုပ်ချင်တာ လုပ်မှာလား'

'ကျွန်တော် နားလည်ပါပြီ'

သူ့တပည့် ဖုန်းချသွားသည်နှင့် ဦးမုန်းခန့်ထည် မစ်စတာဂျွန်ဆီ ဖုန်းခေါ်လိုက်သည်

'ဟယ်လို မစ်စတာဂျွန်'

'ပြောပါရှင်'

တစ်ဖက်က မိန်းကလေး အသံကြောင့် ဦးမုန်းခန့်ထည် ဇဝေဇဝါ ဖြစ်သွားရသည်

'ကျွန်မ မစ်စတာဂျွန်ရဲ့သမီးပါ'

'နှင်းပွင့်ဖြူ ဟုတ်တယ်မလား'

'ဟုတ်ပါတယ်ရှင်'

မစ်စတာဂျွန်ရဲ့ မွေးစားသမီးလေးက နေရာတကာ ပါချင်နေတာပဲဟု ဦးမုန်းခန့်ထည် တွေးမိသည်

'မစ်စတာဂျွန် မရှိဘူးလား'

'ဒယ်ဒီ ရှိပါတယ် ဒယ်ဒီက သူ့အလုပ်ကိစ္စတွေကို ဖြူ့ကို လွှဲပေးထားလို့ပါ'

နှင်းပွင့်ဖြူ နှင်းပွင့်ဖြူ အဲ့နာမည်ကို သူအပြေးအလွှား စဉ်းစားကြည့်သည်

မဆိုးပါဘူး နှင်းပွင့်ဖြူဆိုတာ အကင်းပါးတဲ့နေရာမှာတော့ နာမည်ကြီးပဲ

'ဟုတ်ပြီ နောက်ပေါက်လေးတွေကို ကြေးကြီးကြီးနဲ့ ဖြတ်လုတဲ့ကိစ္စကိုကော မင်းကိုပဲ ပြောပြရမလား'

'အဟင်း ဖြူ ဒယ်ဒီအလုပ်ကိစ္စတွေ အကုန်လုံးကို သိထားပါတယ်'

'ဟားဟား မင်းမဆိုးဘူးပဲ welcome'

'Thank you'

နှင်းပွင့်ဖြူက ဒီလောကထဲ ခုန်ဝင်လာပါပြီ သူမကို လုံးဝလျော့တွက်လို့မရ

မုန်းမာန်ပြည့် သူ့ဒယ်ဒီအခန်းထဲ မဝင်သေးပဲ အပြင်ကနေရပ်ပြီး နားထောင်နေလိုက်သည်

သူ ခိုးနားထောင်ဖို့ စိတ်ကူးမရှိသော်လဲ မာနဆိုတဲ့ နာမည်ကြောင့် သူစိတ်ဝင်စားသွားသည်

သူ့အဖေနှင့် နှင်းပွင့်ဖြူက မာနတို့ ကုမ္မဏီကို တစ်ခုခုလုပ်ရန် ကြံစည်နေပါသည်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Tahanan ng mga kuwento. Tumuklas ngayon