Part-12

16.3K 1.4K 29
                                    

Zawgyi

ဝန်းရံက မလှုပ်မယှက် ကျောက်ရုပ်လို တောင့်နေရာမှ မာနပြုံးလာသည်ကို မြင်သောအခါ

'အား...ခင်ဗျား နှာဘူးကြီး'

တဘက်ကို မာနဆီသို့ ပစ်ပေးလိုက်ပြီး ဝန်းရံ အပေါ်ထပ်သို့ ပြေးတက်ကာ အခန်းတံခါးပိတ်ပြီး လော့ပါချပစ်လိုက်သည်

'အား..... ငါဘာလို့ ရင်တွေခုန်နေတာလဲ အဲ့လူကြီးငါ့ကို တမင်လာလာဆွနေတာ ဂါး..... နောက်ခါဆို အသေထုပစ်မယ်'

ကုတင်ပေါ်တက်ကာ ခေါင်းအုံးပေါ် မှောက်ပြီး ဝန်းရံ စိတ်ရှိလက်ရှိ အော်ပစ်လိုက်သည်

ဒီအိမ်ရဲ့ အခန်းတွေ အကုန်လုံးက အသံလုံနေသောကြောင့်သာ တော်သေးသည်

မာန သွားတန်းလေးတွေ ပေါ်လာသည်အထိ ရယ်မိသွားလေသည်

ဝန်းရံ ပစ်ချပေးခဲ့သော တဘက်ကိုယူကာ သူ့ခေါင်းကို သူ့ဘာသာ သုတ်နေလိုက်သည်

တဘက်အောက်က မြင်ကွင်းထဲဝင်လာတာက ဖြူဖွေးပြီး ခြေချောင်းလေးတွေရဲနေသော ခြေထောက်လေး တစ်စုံ

'မာမီက စကားပြောချင်လို့တဲ့'

မာန ဆိုဖာပေါ် ထိုင်နေရာကနေ မော့ကြည့်လိုက်တော့ ဝန်းရံက တယ်လီဖုန်းကို သူ့ဆီသို့ ကမ်းပေးနေလေသည်

'ဟဲလို'

မာန ဖုန်းကိုယူပြီး ထူးလိုက်သည်

'သား မာနရေ မာမီပါ'

တစ်ဖက်မှ ဝန်းရံရဲ့ မာမီ ဒေါ်ရွှေဝန်းရံ ရဲ့ အသံကို ကြားရသည်

'ဟုတ် မာမီ အရေးကြီးကိစ္စ ရှိလို့လား'

'အင်း သားရေ မာမီက ဝန်းရံကို စိတ်ပူလို့ပါ'

မာန ဝန်းရံကို ကြည့်လိုက်တော့ ဝန်းရံကလဲ သူ့ကိုစိုက်ကြည့်နေလေသည်

'အကုန်အဆင်ပြေပါတယ် မာမီ စိတ်မပူပါနဲ့'

'အေးကွယ် မင်းဒယ်ဒီနဲ့ ပြောလိုက်ဦး'

'သား မာနရေ ဒယ်ဒီတို့ နဲနဲလောက် ကြာဦးမယ် ထင်တယ်'

သူ့ဒယ်ဒီ စကားကို ကြားသောအခါ မာနကြိတ်ပျော်သွားမိသည်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now