Zawgyi
ညနေကျောင်းဆင်းချိန်ရောက်တော့ မာနတစ်ယောက် ဝန်းရံတို့ကျောင်းရှေ့တွင် ကားရပ်ပြီး စောင့်နေလိုက်သည်
ခဏကြာသောအခါ ဝန်းရံကို ကောင်လေးတစ်ယောက်က ပုခုံးဖက်ထားကာ ကျောင်းဝန်းထဲကနေ ထွက်လာသည်ကို မြင်လိုက်ရသည်
မနက်က သူမြင်လိုက်ရသော ကောင်လေးပဲ ဖြစ်သည်
မာန ထိုအပြုအမှုတွေကို လုံးဝမကြိုက်သော်လဲ မနက်ကဝန်းရံပုံစံကြောင့် ဘာမှမပြောချင်ပေ
ဝန်းရံက ဘာမှမသိစွာပင် ကားထဲဝင်ထိုင်လာလေသည်
မာနလှည့်ကြည့်လိုက်တော့ ဝန်းရံက မနက်ကနှင့်မတူပဲ ပြုံးရွှင်နေလေသည်
မာန တစ်မနက်လုံး မမြင်လိုက်ရသေးသော ဝန်းရံရဲ့ ပါးချိုင့်လေးတွေ
'ဘယ်သူလဲ'
မာန ခပ်ပြတ်ပြတ်ပဲ မေးလိုက်လေသည်
'ဟမ် ဘာကိုလဲ'
ဝန်းရံက သူ့ရဲ့ဝိုင်းစက်နေသော မျက်ဝန်းလေးတွေကို ပုတ်ခက်ပုတ်ခက်လုပ်ကာ ပြန်မေးလေသည်
မာန ဝန်းရံရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်ပြီး
'အဲ့ကောင် ကျွတ် ဘာမှမဟုတ်တော့ဘူး'
မာန ဝန်းရံကို ထိုမျှအထိ အနိုင်မကျင့်ချင်တော့သောကြောင့် ဆက်မမေးဖြစ်တော့
'မုန်းမာန်ပြည့်'
ကားမောင်းလာရင်း လမ်းတစ်ဝက်လောက် ရောက်ခါမှ ဝန်းရံဆီကနေ အသံတိုးတိုးလေး ထွက်လာသည်
မာန နှုတ်ခမ်းတို့ ပြုံးသွားကာ ကားကိုပဲ အာရုံစိုက်ပြီး ဆက်မောင်းလာခဲ့သည်
သူသိချင်တာ သိရပြီပဲမဟုတ်လား
ဒေါ်ရွှေဝန်းရံ ပြောခဲ့သလိုပင် သူ့သားက အလိုလိုက်လျှင် လိမ္မာပါသည်တဲ့
မှန်သည်ပင် ထိုရက်ထဲတွင် မာန ဝန်းရံကို အစွမ်းကုန် အလိုလိုက်ထားခဲ့ပါသည်
'ဘယ်သွားချင်သေးလဲ ရှော့ပင်းမောဝင်ပြီး မုန့်ဝယ်ဦးမလား'
မာန ကားမောင်းလာရင်း ရှော့ပင်းမော တစ်ခုအရှေ့ ရောက်လာသောကြောင့် မေးလိုက်သည်
KAMU SEDANG MEMBACA
အဖေမတူ အမေကွဲ~အဖမေတူ အမကှေဲ(Completed)
RomansaUni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတွက်ဆို အခွင့်အရေး ရသမျှ အကုန်လုပ်မဲ့ မင်းမာနတို့ ဘယ်လိုအလွဲလေးတွေနဲ့ ရှေ့ဆက်ကြမလဲ Zawgyi Bl ficပါ...