30

15.3K 813 127
                                    

Zawgyi

ရတု ဦးမုန်းခန့်ထည်ရဲ့ အကြောင်းကို စုံစမ်းနေတာ ကြာပြီဖြစ်သည်

မာနက မာန့်ကိုခိုင်းရန် ပြောသော်လဲ ရတု မခိုင်းရက်ပါ

အကယ်၍ ပြသနာ တစ်စုံတစ်ရာ တက်ခဲ့လျှင် မာန့်ကို ထိခိုက်သွားမှာ သူ စိုးရိမ်သည်

သို့သော် ရတု တစ်ယောက်ထဲ လှုပ်ရှားရတာက ထင်သလောက် လွယ်မနေခဲ့

ဧည့်ခန်းထဲတွင် လပ်တော့ရှေ့ထိုင်ပြီး ရတု အကြံထုတ် နေမိသည်

မာန်မပါပဲနှင့် ဦးမုန်းခန့်ထည်ရဲ့ ကိစ္စတွေကို ဘယ်လို စုံစမ်းရမလဲ ဆိုတာကိုပေါ့

စဉ်းစားရင်းနှင့် ရတု လက်ငါးချောင်းလုံးကို ဆံပင်ထဲ ထိုးထည့်ကာ ဖွပစ်လိုက်သည်

'မောင် ဘာလုပ်နေတာလဲ'

ရုတ်တရက် မာန်က ရတုနောက်ကနေ ခါးကိုသိုင်းဖက်ကာ မေးလာသည် 

'ဟင် မာန် ဘယ်တုန်းက ရောက်နေတာလဲ'

ယခုနောက်ပိုင်း မာန်က ရတုအိမ်ကို သူ့စိတ်ကြိုက် ၀င်ထွက်နေတက်သည်

'မောင့်ကို လွမ်းလို့'

မာန်က ရတုကို ဖက်ထားရင်းနှင့် ပုခုံးပေါ်ကို မေးတင်ကာ ပြောသည်

ရတုက မာန်ထက် အသက်ကြီးသော်လဲ အရပ်ကျတော့ မာန်က ပိုရှည်ပါသည်

မာန့်စကားကြောင့် ရတု ပြုံးလိုက်မိသည်

'မောင်ကော ကျွန်တော့်ကို မလွမ်းဘူးလား'

မာန်က ရတုနှင့်ဆိုလျှင် အမြဲတမ်း ကလေးတစ်ယောက်လို ချွဲနေတက်သည်

'အင်း'

ရတုရဲ့ အဖြေကြောင့် မာန် ပျော်သွားကာ ရတုရဲ့ ပါးလေးကို ဖျတ်ကနဲ နမ်းလိုက်သည်

ရတုက လန့်သွားသော်လဲ မာန်ကတော့ ဖက်ထားရင်း စကားတွေသာ ဆက်ပြောနေသည်

'မောင် ဘာလုပ်နေတာလဲလို့'

မာန်က ရတုရှေ့က လပ်တော့ကို လှမ်းကြည့်ရင်း မေးသည်

'ဘာမှမဟုတ်ပါဘူး အလုပ်ကိစ္စတွေပါ'

ရတုက လပ်တော့ကို အမြန်ပိတ်ချကာ ပြန်ဖြေသည်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now