Uni
နှင်းပွင့်ဖြူ ထွက်သွားသောအခါ မာနရဲ့ နောက်ကျောဘက်မှ လိုက်ကာစက ဘေးကိုရွေ့သွားပြီး အထဲကနေ ရိုစ့် ထွက်လာသည်
အမှန်တော့ မာနနှင့် နှင်းပွင့်ဖြူ စကားပြောနေသော အခန်းက သီးသန့်တစ်ခန်းထဲ မဟုတ်ပါ
အခန်းနှစ်ခန်းကို ကြားထဲမှာ လိုက်ကာစလေးပဲ ခြားထားပြီး သူတို့ပြောသမျှကို ရိုစ့်က နားထောင်နေခဲ့ခြင်းဖြစ်သည်
ရိုစ့်က တစ်ဖတ်စားပွဲဝိုင်းကနေ ထလာကာ မင်းမာန ထိုင်နေသော စားပွဲမှာ ပြောင်းထိုင်လိုက်သည်
မာနက ဝိုင်ခွက်ထဲက လက်ကျန်ဝိုင်တွေကို အကုန်မော့သောက်လိုက်သည်
'အဲ့တော့ ယူက အခု ဘယ်လိုလုပ်မယ် စဥ်းစားထားလဲ'
ရိုစ့် လူသတ်ချင်တဲ့ပုံ ပေါက်နေသော မာနကို မေးလိုက်ကာ သူမကိုယ်တိုင်လဲ ဝိုင်တစ်ခွက် လှမ်းယူလိုက်သည်
မာန စိတ်ထဲတွင် နှင်းပွင့်ဖြူ ထိုမျှကောက်ကျစ်လိမ့်မည်ဟု ထင်မထားခဲ့ပေ
ရှယ်ယာရှင်အစည်းအဝေးပွဲမှာ သူက ပါးစပ်ပိတ်နေရမည်တဲ့
အဲ့သဘောက နောက်နှစ်ကျရင် မာနတို့ ကုမ္ပဏီကို ဒေဝါလီခံလိုက်တော့ဟု ပြောလိုက်တာနှင့် အတူတူပဲဖြစ်သည်
အဲ့တာထက် ပိုဆိုးသည်က နှင်းပွင့်ဖြူက ဝန်းရံနှင့်ပင် မာနကို အကျပ်ကိုင်ကာ ခြိမ်းခြောက်သွားသေးသည်
သူ့အတွက်ကတော့ ဘယ်အရာကမှ ဝန်းရံလောက် အရေးမကြီးပါ
မာန တွေးရင်းတွေးရင်းနှင့် ဒေါသထွက်လာကာ ရိုစ့်ကို စကားပြန်မပြောသေးပဲ ဝိုင်ခွက်ကို လက်ထဲမှာတင် အားနှင့်ခွဲကာ ချေမွပစ်လိုက်သည်
ခွမ်း!!!
ဖန်ခွက်ကွဲသွားတဲ့ အသံကြောင့် ရိုစ့်က မာနရဲ့လက်ကိုကြည့်ကာ ခုံပေါ်က ပုဝါခေါက်လေးကို လှမ်းပစ်ပေးလိုက်ရင်း
'ခုက စိတ်လိုက်မာန်ပါနဲ့ ဒေါသထွက်နေရမဲ့အချိန် မဟုတ်ဘူး စိတ်အေးအေးနဲ့ ဘာဆက်လုပ်ရမယ်ဆိုတာကို စဥ်းစားသင့်တယ်'
VOCÊ ESTÁ LENDO
အေဖမတူ အေမကြဲ~အဖေမတူ အမေကွဲ(Completed)
RomanceUni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတွက်ဆို အခွင့်အရေး ရသမျှ အကုန်လုပ်မဲ့ မင်းမာနတို့ ဘယ်လိုအလွဲလေးတွေနဲ့ ရှေ့ဆက်ကြမလဲ Zawgyi Bl ficပါ...