Ch-3

3.1K 256 18
                                    

Zawgyi

မနက်​ပိုင်း​အိမ်​က​နေ အချိန်​​စော​စောထွက်​တဲ့ရက်​​တွေဆို ရိ​ပေါ်က​ဆေးရုံနားမလှမ်းမကမ်းမှာရှိတဲ့ ​ကော်​ဖီဆိုင်​က​နေ strawberry smootiesတစ်​ခွက်​အမြဲဝင်​​သောက်​​လေ့ရှိတာမို့ ​ကောင်​တာမှာဝင်​မှာပြီးဗန်း​လေးနဲ့သယ်​ရင်း ထိုင်​ဖို့​နေရာလိုက်​ရှာ​နေရသည်​။

ဒီအချိန်​က ရုံးတက်​ချိန်​ဆို​တော့ အနီးနားကုမ္ပဏီကဝန်​ထမ်းတစ်​ချို့အပါအဝင်​ ​ကျောင်းသား၊​ကျောင်းသူ​လေး​တွေနဲ့အမြဲပြည့်​​နေတတ်​​ပေမယ့်​ အခုလိုမျိုးထိုင်​စရာထိုင်​ခုံပင်​မရှိ​လောက်​တဲ့အထိ​တော့မကြုံဖူးဘူး။

စဝင်​လာထဲက ​ဆိုင်​ထဲကို​သေချာမကြည့်​ပဲ ​ကောင်​တာဆီတန်းပြီးသွားခဲ့တဲ့ကိုယ့်​ကိုယ်​ကိုသာအပြစ်​တင်​လိုက်​ချင်​​တော့သည်​။

"ရိ​ပေါ်.."

အ​အေးခွက်​​တင်​ထားတဲ့ဗန်း​လေးကိုကိုင်​ကာ ငိုမဲ့မဲ့နဲ့ဆိုင်​ထဲကို ဟိုကြည့်​ဒီကြည့်​လုပ်​​နေတဲ့​ကောင်​​လေးကိုလှမ်း​ခေါ်လိုက်​​တော့ ပြူး​ကြောင်​​ကြောင်​​လေးပြန်​ကြည့်​​နေပြန်​သည်​။

"guardianကဘယ်​လိုဖြစ်​ပြီး..."

"မနက်​ပိုင်းကိုယ့်​ဂျူတီခဏနားတုန်း ​ကော်​ဖီလာ​သောက်​တာ​လေ။ ရိ​ပေါ်က​ရော..ဂျူတီမရှိဘူးလား"

ရိ​ပေါ်အ​ရှေ့မှာ ​ခြေချိတ်​ထိုင်​ပြီး​မေး​နေတဲ့guardianရဲ့မျက်​နှာက ခပ်​ပြုံးပြုံးဆို​ပေမယ့်​ ရိ​ပေါ်က​တော့ပထမရက်​ထဲကအဆူခံလိုက်​ရတာမို့ လန့်​​နေ​သေးသည်​။ ကြုံမယ့်​ကြုံ​တော့လည်း ဒီguardianနဲ့မှလာ​တွေ့စရာလား...။

မနက်​ပိုင်းဂျူတီရှိရက်​နဲ့ အချိန်​ခိုးပြီး​ကော်​ဖီဆိုင်​ကိုလာတာကိုသိလို့ guardianကအခုလို​မေး​နေတယ်ထင်​ပါသည်​။ အားယား...ဘယ်​လို​ပြန်​​ဖြေရမလဲ စဉ်းစားစမ်းဝမ်​ရိ​ပေါ်...စဉ်းစားစမ်း။

"​ဟေ့...ကိုယ်​​မေးတာ​ဖြေဦး​လေ..ဘာလဲ အိပ်​ငိုက်​​နေတာလား"

ရိ​ပေါ်ဘယ်​လိုပြန်​​ဖြေရမလဲ စဉ်းစား​နေရင်း မျက်​နှာ​ရှေ့ကိုလက်​​ဖျောက်​တစ်​ချက်​တီးရင်း ရယ်​ကျဲကျဲနှင့်​ ​ပြောလိုက်​တဲ့guardianရဲ့စကား​ကြောင့်​ အထိတ်​တလန့်​ဖြင့်

LOVE ME OR NOT?[Completed]Where stories live. Discover now