Zawgyi
"ဒါနဲ့လေဝမ် ငယ်ငယ်က ကိုယ့်ကိုဘာလို့ရှောင်းဖန်းလို့ခေါ်တာလဲဟင်..."
ကျန့်ကောရဲ့ရုတ်တရက်မေးလာတဲ့မေးခွန်းကို ရိပေါ်ဘယ်လိုပြန်ဖြေရမလဲဆိုတာကို အသဲအသန်စဉ်းစားနေမိသည်။ ယွီရှန်းပြောပြတဲ့အထဲမှာ ဒီအကြောင်းအရာမပါတာမို့ ရိပေါ်ဘာပြန်ဖြေရမှန်းမသိဖြစ်နေသည်။ ကျန့်ကောကလည်း ပခုံးပေါ်မှာမေးတင်ထားရာကနေ ရိပေါ်မျက်နှာကိုမလွတ်တမ်းလိုက်ကြည့်နေတာမို့ ရိပေါ်လျှာတစ်ချက်သပ်ကာ
"ဟို..အဲ့ဒါက...."
"ကိုယ်သိပြီ...ကိုယ်ငယ်ငယ်ကအရမ်းဝလို့မဟုတ်လား"
"အမ်..အင်းဟုတ်တယ်...ကျန့်ကော ကလေးဘဝတုန်းက အရမ်း .. ဝတာပဲ"
"ဝမ်ကလူဆိုးလေးပဲကွာ....ပြီးတော့လေဝမ်.."
"ကျန့်ကောကစကားများလိုက်တာဗျာ...cakeလုပ်ဖို့နောက်ကျနေပြီ လွှတ်ပေးတော့.."
ရိပေါ်ခါးကိုပိုတိုးလို့ဖက်လိုက်ပြီး နားသယ်စပ်လေးကိုတရှုံ့ရှုံ့နမ်းရင်း မေးခွန်းတွေထပ်မေးဖို့ ပြင်နေတဲ့ကျန့်ကောကြောင့် ရိပေါ်စကားလမ်းကြောင်းလွှဲကာ ခါးပေါ်ကကျန့်ကောရဲ့လက်တွေကို ဆွဲဖယ်ရင်း အလုပ်ရှုပ်ချင်ယောင် ဆောင်နေလိုက်တော့သည်။
ကိတ်လုပ်နေရင်း ပြတင်းပေါက်မှန်တံခါးကနေ မြင်နေရတဲ့ ကိုယ့်ပုံစံကိုယ်ကြည့်ပြီး ရိပေါ်စိတ်ပျက်မိသည်။ ဒီလောက်လေးနဲ့တောင် ဇောချွေးပြန်ချင်နေရင် နောက်ပိုင်းဒီကိစ္စနဲ့ပတ်သတ်ပြီး ကျန့်ကောထပ်မေးလာတဲ့အခါ ဘယ်လိုလုပ်ရပါ့မလဲ။
❀ ❀ ❀ ❀ ❀
ကော်ဖီဆိုင်ကပြန်လာထဲက လမ်းတစ်လျှောက်လုံး သိသိသာသာစကားမပြောပဲငြိမ်နေတဲ့ ကလေးငယ်ကို စိုးရိမ်တကြီးလှမ်းကြည့်လိုက်တော့ ကားမှန်ကိုမှီကာ အပြင်ဘက်ကိုတွေတွေလေးငေးနေလေသည်။ ရှောင်းကျန့်နဲ့တွေ့ရင် ငှက်ပေါက်စလေးတွေလို စကားသွက်လှတဲ့ကောင်လေးက ငြိမ်နေတာမို့ ရှောင်းကျန့်မှာစိတ်ပူရပြန်သည်။