Zawgyi
ရှောင်းကျန့်တစ်ရေးနိုးလာချိန် ဘေးကိုစမ်းကြည့်လိုက်တော့ အေးစက်နေတဲ့ အိပ်ယာခင်းကိုသာ စမ်းမိတာမို့ မျက်လုံးမပွင့်တစ်ပွင့်ဖြင့် နာရီကိုလှမ်းကြည့်လိုက်တော့ ၁၁နာရီပင်ခွဲနေပြီမို့ မျက်မှောင်ကျုံ့လိုက်မိသည်။
လေးလံနေတဲ့ကိုယ်ကို အားယူထလိုက်ရင်း အိမ်သာတံခါးနဲ့ ရေချိုးခန်းတံခါးကို ဖွင့်ကြည့်ပေမယ့် ဘယ်သူမှမရှိတာမို့ စိတ်ပူစွာနဲ့ အောက်ထပ်ကို ဆင်းလာလိုက်သည်။
အောက်ထပ်မှာလည်း မရှိပြန်တာမို့ ဖုန်းဆက်ကြည့်လိုက်တော့ အပေါ်ထပ်က အသံကြားတာမို့ တက်ကြည့်လိုက်တော့ အခန်းထဲက စာကြည့်စားပွဲပေါ်မှာ ထားခဲ့တာမို့ ဖုန်းကိုယူလိုက်ရင်း ကျစ်ခနဲစုတ်သတ်လိုက်မိသည်။ ဒီကလေးတော့ ညဘက်ကြီး ဖုန်းထားခဲ့ပြီး ဘယ်ကိုထွက်သွားပြန်တာလဲ။
ခြံထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ စောင့်နေရင်း ခဏကြာတော့ ခြံတံခါးကို တွန်းဖွင့်တဲ့အသံကြားလိုက်ရတာမို့ လှမ်းကြည့်လိုက်တော့ ဝမ်ဖြစ်နေလေသည်။
"ဝမ် ဘယ်တွေလျှောက်သွား.."
သူ့စကားမဆုံးခင် ဝမ်က သူ့ရင်ခွင်ထဲကို တိုးဝင်လာတာမို့ ပြောလက်စ စကားတွေပင် ရပ်တန့်သွားကာ ကြောင်သွားမိသည်။ နောက်တော့မှ ဝမ့်ရဲ့ဆံပင်လေးတွေကို ခပ်ဖွဖွပွတ်ပေးလိုက်ရင်း
"အပြင်မှာ ဒီလောက်အေးနေတာကို ဘာလို့အနွေးထည်ပါးပါးလေးပဲ ဝတ်သွားတာလဲ ...လာ ကိုယ်တို့ အိမ်ထဲအမြန်ဝင်ရအောင်"
အလိုက်သိတတ်လွန်းတဲ့ကျန့်ကောက အိပ်ယာဝင်တဲ့အချိန်ထိ မေးခွန်းတွေထပ်မမေးတော့ပဲ ရိပေါ်ကိုရင်ခွင်ထဲထည့်ပြီး အိပ်ဖို့ပြင်နေတာမို့ ခပ်မော့မော့လေးကြည့်လိုက်တော့ မြင်နေရတဲ့ ကျန့်ကောရဲ့မေးရိုးထင်းထင်းကိုငေးကြည့်ရင်း