Suggest Song- Cotton Candy by Top Combine
နားနေခန်းထဲကိုဝင်လိုက်တာနဲ့ ရိပေါ်ထင်ထားတဲ့အတိုင်း တစ်ယောက်တစ်ပေါက်မေးလာတဲ့ ဆွန်းယွန်းတို့အုပ်စုရဲ့စကားကို မကြားချင်ယောင်ဆောင်ကာ စားပွဲမှာဝင်ထိုင်လိုက်သည်။ အမှန်တော့ ကျန့်ကောက ရိပေါ်ကို ဘူတာကနေ အိမ်အထိလိုက်ပို့ပေးမယ်ဆိုထဲက ဒီကောင်တွေက စပ်စုချင်နေကြတာ ရိပေါ်သိသားပဲ။
သူများအတွဲတွေအကြောင်း လိုက်ပြီးစပ်စုနေကြထဲက ရည်းစားမထားဖူးမှန်း သိပ်သိသာတာပဲ။
"ရိပေါ်က ရှောင်းကျန့်ကောရှာနေတဲ့သူဆို ဟုတ်လား"
ရိပေါ်ရှေ့မှာဝင်ထိုင်ပြီး ဝမ်းသာအားရဖြင့်မေးလာတဲ့ ဟွေ့ချင်းရဲ့စကားကြောင့် ရိပေါ်ခပ်သာသာပြုံးပြရင်း ခေါင်းညိတ်ပြလိုက်သည်။ ဒါကိုမြင်သွားတဲ့ ဆွန်းယွန်းတို့အုပ်စုက စပ်စုနေပြန်တာမို့ ရိပေါ်စိတ်ရှုပ်ရှုပ်ဖြင့် အော်ထုတ်ဖို့ပြင်နေတုန်းမှာပဲ ဟွေ့ချင်းက ဆွန်းယွန်းတို့ဘက်လှည့်ကာ
"ရှောင်းကျန့်ကောငယ်ငယ်က လော့ယန်ကိုသွားလည်ရင်းနဲ့ လျှိုအကြီးကြီးထဲပြုတ်ကြခါနီး ကောင်လေးတစ်ယောက်ကူညီပေးခဲ့တာတဲ့...အဲ့တာကြောင့် ရှောင်းကျန့်ကောက အခွင့်ကြုံတိုင်းအဲ့ဒီကောင်လေးအကြောင်းကို လိုက်စုံစမ်းနေတာ။ ခက်တာက အဲ့ကိစ္စဖြစ်ပြီးထဲက ရှောင်းကျန့်ကောကို အန်တီနဲ့အန်ကယ်က တစ်ယောက်ထဲခရီးမထွက်ခိုင်းတော့ ရှောင်းကျန့်ကောကလော့ယန်ကို ကိုယ်တိုင်သွားပြီးစုံစမ်းလို့မရဘူးဖြစ်နေတာ။ အခုတော့ ဘယ်လောက်တောင် အံ့သြဖို့ကောင်းလိုက်သလဲ...ရှောင်းကျန့်ကောရှာနေတဲ့ အဲ့ဒီကောင်လေးက ရိပေါ်ဖြစ်နေတယ်တဲ့လေ။ ဟွေ့ချင်းဖြင့် သိသိချင်းတုန်းက အံ့သြလို့မဆုံးဘူးတကယ်.."
"ဝါး....မင်းတို့က ငယ်ငယ်ထဲက ဇာတ်လမ်းရှိခဲ့တာပေါ့။ မိုက်တယ်ကွာ."