Zawgyi
"လီဝမ်ဟန်နဲ့က မပတ်သတ်ပဲနေလို့မရဘူးလား"
ရိပေါ်အိမ်ရှေ့ရောက်ပြီမို့ ကားပေါ်ကဆင်းဖို့ပြင်နေကာမှ ကျန့်ကောဆီက ကြားလိုက်ရတဲ့စကားကြောင့် ကျန့်ကောကိုလှမ်းကြည့်လိုက်တော့ ရိပေါ်ကိုစူးစူးရဲရဲကြည့်နေလေသည်။
"ကျန့်ကော ဘာဖြစ်နေတာလဲ... နေမကောင်းဘူးလား"
"ကျစ်.. ကိုယ်မေးတာသာ ဖြေစမ်းပါ"
ကျန့်ကောနဖူးပေါ် လှမ်းစမ်းလိုက်တဲ့ ရိပေါ်ရဲ့လက်တစ်ဖက်ကို ပုတ်ထုတ်ပြီး ပြောလိုက်တာမို့ ရိပေါ်မျက်ရည်ပင် ဝဲချင်သွားရသည်။
"ကျန့်ကော ဘယ်သူနဲ့ဘာတွေအဆင်မပြေဖြစ်လာသလဲ မသိပေမယ့် ကျန့်ကောရဲ့ဒေါသတွေကို ကျွန်တော့်အပေါ် ပုံချတာမျိုးမလုပ်ပါနဲ့ .... ကျွန်တော်မကြိုက်ဘူး"
"ငါမင်းအပေါ် ဒေါသတွေပုံချနေတာမဟုတ်ဘူး ဝမ်... မင်းနဲ့လီဝမ်ဟန်ကို တွဲမြင်ရတဲ့အချိန်တိုင်း ငါ့ရင်တွေ ဘယ်လောက်ပူရလဲဆိုတာ မင်းသိလား"
ရိပေါ်ရဲ့ ပခုံးနှစ်ဖက်ကိုဆွဲကိုင်ရင်း ပေါက်ကွဲပြနေတဲ့ကျန့်ကောကြောင့် ရိပေါ်စိတ်ပျက်စွာနဲ့ ပခုံးပေါ်က ကျန့်ကောရဲ့လက်တွေကို ဖယ်ချလိုက်မိသည်။
"ကျန့်ကောကျွန်တော့်ကို ယုံလာမယ့်အချိန်မှ စကားဆက်ပြောကြတာပေါ့"
ခပ်ပြင်းပြင်းပိတ်သွားတဲ့ တံခါးသံနဲ့အတူ လှည့်မကြည့်ပဲ အိမ်ထဲဝင်သွားတဲ့ဝမ့်ကိုကြည့်ရင်း ရှောင်းကျန့်စိတ်တိုတိုဖြင့် ကားစတီယာရင်ကို လက်သီးဖြင့်ထိုးလိုက်မိသည်။
မျက်လုံးထဲမှာလည်း ခုနက ဆေးရုံရှေ့က ဝမ်နဲ့လီဝမ်ဟန်တို့ရဲ့ နီးကပ်လွန်းတဲ့ အနေအထားကိုသာ ထပ်တလဲလဲမြင်ယောင်နေမိသည်။ ဝမ့်ကို မယုံတာမဟုတ်ဘူး။ လီဝမ်ဟန်ဆိုတဲ့ကောင်ကို မယုံတာ။ ရှောင်းကျန့်နဲ့ဝမ် တွဲနေမှန်းသိတာတောင် လက်မလျှော့သွားတာမို့ လီဝမ်ဟန်ကို နည်းနည်းလေးတောင် စိတ်ချထားလို့မဖြစ်ပေ။