Zawgyi
ရိပေါ်wardထဲမှာroundလှည့်နေရင်း အိတ်ကပ်ထဲကဖုန်းကnotiဝင်သံကြောင့် ဖုန်းကိုထုတ်ကြည့်လိုက်တော့ မင်ဟောက်ဆီက guardianကပြောစရာရှိလို့ သူ့ရဲ့နားနေခန်းကိုအားလုံးလာခဲ့ကြပါတဲ့လေ။ guardianဆိုတဲ့အသံကြားတာနဲ့ ရိပေါ်ကခပ်လန့်လန့်။ များသောအားဖြင့် သတိပေးစရာတို့ ဆူစရာတို့ရှိမှ guardianခေါ်တတ်တာမဟုတ်လား။
guardianရဲ့နားနေခန်းကို သွားတဲ့လမ်းမှာ ဆွန်းယွန်းနဲ့တွေ့လို့ အနားကပ်ပြီးမေးကြည့်တော့ ဘာမှမသိဟန်ခေါင်းခါပြကာ သူလည်းရိပေါ်လိုပဲအဆူခံရမှာကိုတွေးပြီးကြောက်နေပုံပင်။
နားနေခန်းထဲကိုရောက်သွားတော့ ဖန်ရှင်းနဲ့မင်ဟောက်ကဆိုဖာမှာ ကုပ်ကုပ်လေးထိုင်နေကြတာမို့ ရိပေါ်တို့လည်းဝင်ထိုင်ပြီး ခဏကြာတော့ guardianကမိန်းကလေးတစ်ယောက်နဲ့အတူ အခန်းထဲကိုဝင်လာသည်။
"စောင့်ခိုင်းသလိုဖြစ်သွားရင် ဆောရီး..။ အားလုံးပဲ သူကကိုယ်တို့groupမှာထပ်jionမယ့်ဟွေ့ချင်း"
"ဟွေ့ချင်းပါ အားလုံးနဲ့ရင်းနှီးချင်ပါတယ်"
ဟွေ့ချင်းဆိုတဲ့မိန်းကလေးက ခါးညွှတ်ပြီးမိတ်ဆက်လာတာမို့ ရိပေါ်တို့လည်းမတ်တပ်ရပ်ကာ ခါးညွှတ်ပြီးပြန်နှုတ်ဆက်လိုက်သည်။
ရိပေါ်တို့လေးယောက်အခန်းထဲက ပြန်ထွက်လာတဲ့အထိ ဟွေ့ချင်းကအခန်းထဲမှာကျန်ခဲ့ကာ guardianနဲ့စကားပြောရင်းကျန်ရစ်ခဲ့သည်။ ရိပေါ်ကစပ်စုတတ်တဲ့သူမဟုတ်ပေမယ့် ထိုမိန်းကလေးကိုကြည့်ရတာguardianနဲ့အတော်လေးရင်းနှီးပုံရသည်။
❀ ❀ ❀ ❀ ❀
"ဝမ်..."
ကောင်တာမှာရပ်ပြီး nurseအချို့နဲ့စကားပြောနေတုန်း အသံကြားရာကိုလှမ်းကြည့်လိုက်တော့ ဟိုကလေးအဖေက ဆေးရုံအဝင်ဝမှာရပ်ပြီး လက်ပြကာအရူးလိုရယ်ပြနေတာကြောင့် နောက်ကြောင်းပြန်လှည့်ကာliftရှိတဲ့ဘက်ကိုသွားတော့ အနောက်ကနေပြေးလိုက်လာပြန်သည်။