Suggest Song- Why Do I Love You So by Johnny Tillotson
ပြောချင်တာပြောပြီးတာနဲ့ ထွက်သွားတဲ့ ကျောပြင်ငယ်လေးကို တမေ့တမောလိုက်ကြည့်နေမိသည်။ တကယ်ဆို ရှောင်းကျန့်အနေနဲ့ ဝမ့်ကိုဒီလိုမျိုးတွေ မမေးချင်ပေမယ့် ဝမ့်ရဲ့နှုတ်ကထွက်လာမယ့်စကားကိုပဲ အတည်အနေဖြင့် မှတ်ယူချင်သည်။
ဝမ့်ဆီကသာ ရှောင်းကျန့်ကို တကယ်ချစ်ခဲ့တာဆိုတဲ့ စကားမျိုးကိုသာ ထပ်ပြီးကြားခွင့်ရရင် ဖြစ်ခဲ့သမျှအရာအားလုံးကို သင်ပုန်းချေပြီး ဝမ်နဲ့အစကနေ ပြန်စကြမယ်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုထဲနဲ့ ရှောင်းကျန့်သတ္တိမွေးပြီးလာခဲ့ပေမယ့် အခုတော့ အခြေအနေတွေက တဖြည်းဖြည်းနဲ့ ပိုဆိုးတဲ့ဘက်ကိုပဲ ဦးတည်နေလေသည်။
ယွီရှန်းကို ရှောင်းအိမ်တော်မှာ ခေါ်ထားတဲ့ကိစ္စနဲ့ပတ်သတ်ပြီးလည်း ဝမ်က ရှောင်းကျန့်အပေါ် အထင်လွဲနေပုံပင်။ ပေကျင်းကိုရောက်တော့ ယွီရှန်းကို အခန်းတစ်ခုငှါးပေးထားဖို့လုပ်ပေမယ့်လည်း ယွီရှန်းက တစ်ယောက်ထဲမနေရဲတာမို့ ရှောင်းကျန့်နဲ့အတူ လိုက်နေပါရစေဆိုပြီး တောင်းဆိုလေသည်။
ရှောင်းကျန့်လက်ရှိနေ,နေတဲ့ ဝမ့်ရဲ့အငွေ့အသက်တွေပြည့်နေတဲ့ နေရာလေးမှာ တခြားသူတစ်ယောက်ကို မနေစေချင်တာမို့ လောလောဆယ် ရှောင်းအိမ်တော်မှာပဲ နေခိုင်းရခြင်းဖြစ်သည်။ မားနဲ့ပါးကလည်း ယွီရှန်းက ရှောင်းကျန့်အသက်ကို ကယ်ပေးခဲ့တဲ့ကောင်လေးမှန်းသိတော့ ကျေးဇူးတင်မဆုံးဖြစ်ကာ လိုလိုလားလားဖြင့် ရှောင်းအိမ်တော်မှာပဲ နေစေလေသည်။
ရှောင်းကျန့်အနေနဲ့လည်း ရှောင်းအိမ်တော်ကို တော်ရုံမသွားဖြစ်တာမို့ ယွီရှန်းနဲ့ ခဏခဏတွေ့စရာအကြောင်းမရှိတာမို့ ယွီရှန်းကို ရှောင်းအိမ်တော်မှာ ထားတာက ပိုအဆင်ပြေသည်။