Zawgyi
"ကိုယ့်ကိုချစ်ခွင့်ပေးမလား ဝမ်.."
ရိပေါ်လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားတဲ့ကျန့်ကောရဲ့ လက်ဖဝါးနွေးနွေးကြောင့် ရိပေါ်ရဲ့အေးစက်နေတဲ့လက်ဖဝါးတွေဟာ ချက်ချင်းဆိုသလိုနွေးထွေးသွားရသည်။
ရိပေါ်ရဲ့မျက်ဝန်းတွေကို တေ့ဆိုင်ကြည့်ပြီး မေးလာတဲ့ကျန့်ကောရဲ့စကားကြောင့် ရိပေါ်နှလုံးသားကအရှိန်ပြင်းပြင်းနဲ့ကို လှုပ်ခတ်နေတော့သည်။ လူအများကြီးရှိတဲ့အချိန်မှာ ဖွင့်ပြောခံလိုက်ရတာမို့ ရှက်ဝဲဝဲဖြင့် ဘေးကလူတွေကိုလှမ်းကြည့်ဖို့ ပြင်နေတုန်းမှာပင် ကျန့်ကောကရိပေါ်ရဲ့ပါးတစ်ဖက်ကိုအုပ်ကိုင်ကာ
"ကိုယ့်ကိုပဲကြည့် ဝမ်...ကိုယ့်ကိုလက်ခံပေးမယ်မဟုတ်လားဟင်"
ရိပေါ်ခေါင်းလေးညိတ်ပြလိုက်တာနဲ့ တစ်ပြိုင်နက် ကျန့်ကောက ရိပေါ်မျက်ခုံးစပ်နားက မှဲ့သေးသေးလေးရှိရာကို လှစ်ခနဲနမ်းလိုက်ပြီး ရိပေါ်ကိုရင်ခွင်ထဲဆွဲသွင်းလိုက်တာမို့ ရိပေါ်လည်းရှက်ရှက်ဖြင့် ကျန့်ကောရင်ခွင်ထဲသာ မျက်နှာကိုဖွက်ထားလိုက်မိတော့သည်။
"ဟေးးးး............."
ဆွန်းယွန်းတို့အဖွဲ့ရဲ့အော်သံအဆုံး အားလုံးက လက်ခုပ်ဝိုင်းတီးလိုက်ကြတာမို့ ရိပေါ်ကတော့ ရှက်ပြီးရင်းသာရှက်နေမိတော့သည်။
❀ ❀ ❀ ❀ ❀
"တောက်...."
ဝမ်ဟန်စိတ်တိုတိုဖြင့် အရှေ့ကသစ်ပင်ကိုခြေထောက်နဲ့ လှမ်းကန်လိုက်သည်။ ဒါတောင်ဒေါသပြေမသွားသလို တစ်ယောက်နဲ့တစ်ယောက်ဖက်တွယ်ထားတဲ့ ရိပေါ်နဲ့ရှောင်းကျန့်တို့ရဲ့ပုံရိပ်ကလည်း ခေါင်းထဲကထွက်မသွားသေးပေ။
ထင်တယ်။ ရှောင်းကျန့်ဆိုတဲ့ကောင်ကိုစတွေ့ထဲက ရိပေါ်ကိုကြည့်တဲ့အကြည့်တွေက မရိုးသားဘူးဆိုတာ။ ဒါပေမယ့် ဘယ်လိုလုပ်ပြီး ထင်မှာလဲ။ ရိပေါ်ကလည်း ရှောင်းကျန့်ကိုသဘောကျနေလိမ့်မယ်လို့။