Ch-30

2K 143 16
                                    

Zawgyi

"ဘာ.. ဘာ လုပ်​ ​နေ တာ လဲ .... ​ဆေးလိမ်း ​ပေး ​တော့ ​လေ ..."

အ​နောက်​ကိုငဲ့ကြည့်​လို့ ​လေသံတိုးတိုးဖြင့်​ အထစ်​ထစ်​အ​ငေါ့​ငေါ့​နဲ့​ ​ပြောလာတဲ့က​လေးငယ်​က နားရွက်​ဖျား​လေး​တွေရဲလို့ ရှက်​​နေပုံပင်​။ ​ဆေးဗူးထဲက ​ဆေးအနည်းငယ်​ယူပြီး က​လေးငယ်​ရဲ့လက်​​မောင်း​ပေါ်က အနီစက်​​လေး​တွေ​ပေါ်လိမ်း​ပေးလိုက်​​တော့ ခန္ဓာကိုယ်​​လေးက ဆတ်​ခနဲတုန်​သွား​လေသည်​။

အနီစက်​​လေး​တွေက လက်​​ချောင်း​လေး​တွေမှာပါ ရှိ​နေတာမို့ လက်​​လေးတစ်​ဖက်​ကို​ဆွဲယူကာ လက်​ဖမိုး​လေးကို ခပ်​ဖွဖွနမ်းပြီးမှ ထို​နေရာ​လေးကို ​​ဆေးလိမ်း​ပေးလိုက်​​တော့ ဝမ်​က နားမလည်​သလို​လေးကြည့်​​နေတာမို့ ဝမ့်​ရဲ့မျက်​ဝန်း​လေးကို စူးစိုက်​ကြည့်​ရင်း လက်​​ကောက်​ဝတ်​​လေးကိုပါ အနမ်း​ပေးလိုက်​​တော့ အရှက်​ပိုကာ မျက်​လွှာ​လေးချသွား​လေသည်​။

ရှောင်းကျန့်​တစ်​​ယောက်​ အနမ်း​ပေးလိုက်​ ​ဆေးလိမ်း​ပေးလိုက်​လုပ်​​နေရင်း ပခုံးသား​လေး​တွေဆီ​ရောက်​​တော့ ဝမ့်​ရဲ့လက်​​လေးတစ်​ဖက်​က အိပ်​ယာခင်းစကို ခပ်​တင်းတင်းဆုပ်​ကိုင်​ထားတာမို့ ဟက်​ခနဲရယ်​ကာ ဝင်းမွတ်​​နေတဲ့ပခုံး​လေးကို ခပ်​ဖွဖွ​လေးနမ်းလိုက်​​တော့ ဝမ်​က​ မ​နေတတ်​စွာ ​အောက်​နှုတ်​ခမ်း​လေးကို အသာဖိကိုက်​ထား​လေသည်​။

ဒီတစ်​ခါမှာ​တော့ ​ဆေးလိမ်း​ပေးဖို့​မေ့​နေပုံရတဲ့​ရှောင်းကျန့်​က ပခုံးသား​လေး​တွေက​နေတစ်​​ဆင့်​ မှဲ့နက်​​လေး​တွေရှိရာ လည်​ဂုတ်​​လေးကိုပါ အသက်​ရှူသံပြင်းပြင်းဖြင့်​ အစုန်​အဆန်​နမ်း​နေတာမို့ မ​နေတတ်​​တော့တဲ့က​လေးငယ်​က ​ရှောင်းကျန့်​ရဲ့ရင်​ဘတ်​ကို ခပ်​သာသာတွန်းထုတ်လာတာမို့ ထိုလက်​​လေးနှစ်​ဖက်​ကိုချုပ်​ကိုင်​ကာ အိပ်​ယာ​ပေါ်တွန်းလှဲပစ်​လိုက်​ပြီး လည်​ပင်းသား​လေး​တွေကိုပါ ကိုက်​လိုက်​ စုပ်​လိုက်​ဖြင့်​ အငမ်းမရလိုက်​နမ်း​နေမိသည်​။

"ခင်​ဗျား... ​ဆေးလိမ်းလို့ ပြီးရင်​လည်း ဖယ်​​ပေး​တော့​လေ"

LOVE ME OR NOT?[Completed]Where stories live. Discover now