Zawgyi
"အရှက်မရှိတဲ့ လူလိမ်ကောင်.."
အိမ်ထဲကို စဝင်လိုက်တာနဲ့ ဒေါသတကြီးထွက်လာတဲ့မားက ဝမ့်မျက်နှာဆီကို လက်ရွယ်လာတာမို့ ရှောင်းကျန့်အလျင်အမြန်ပင် ဝမ့်ရဲ့အရှေ့မှာ ဝင်ကာလိုက်တော့ မားရဲ့ရိုက်ချက်ကြောင့် သူ့ရဲ့ပါးတစ်ဖက်က ဖျင်းခနဲ။
"ကျန့်ကော ..."
ကျန့်ကောရဲ့လက်မောင်းတစ်ဖက်ကို လှမ်းဆွဲကာ စိုးရိမ်တကြီးခေါ်လိုက်မိတော့ ကျန့်ကောက သူ့လက်ပေါ်အုပ်ကိုင်ရင်း ခပ်ရေးရေးပြုံးပြလေသည်။ ရိပေါ်တကယ် မထင်ထားဘူး။ ကျန့်ကောဒီလိုမျိုး လုပ်လိမ့်မယ်လို့။
"သား... ကျန့်ကျန့်"
"မားကျေနပ်ပြီလား .. မကျေနပ်သေးရင် ကျွန်တော့်ကို ထပ်ရိုက်လို့ရတယ် ဒါပေမယ့်.. ဝမ့်ကိုထိရင်တော့ ကျွန်တော်သည်းခံနေမှာမဟုတ်ဘူး"
"သား အဲ့ဒီကောင်အကြောင်း ဘာသိလို့ ကာကွယ်ပေးနေရတာလဲ .... အလကား ပိုင်းလုံးကောင်.. အဲ့ကောင်က သားရဲ့စည်းစိမ်တွေကို ရမ္မက်တက်ပြီး ဝမ်အိမ်တော်က သားပါဆိုပြီး လိမ်နေတာ.. တကယ်တမ်းကျတော့ သူက ..."
"ကျွန်တော်သိတယ်.. ကျွန်တော်တို့ ချစ်သူစဖြစ်ထဲက ဝမ်က ကျွန်တော့်ကို အားလုံးပြောပြထားပြီးသား ... ဝမ်အိမ်တော်က သားမဟုတ်တော့ရော ဘာဖြစ်လဲ... ဝမ်ဆိုတာ ကျွန်တော်ကိုယ်တိုင်က ချစ်လွန်းလို့ မြတ်နိုးလွန်းလို့ ခက်ခက်ခဲခဲနဲ့ လက်ထပ်ယူထားရတဲ့သူ ... အဲ့တာကြောင့် ကျွန်တော့်လူကို နောက်ထပ် ထိပါးဖို့ မစဉ်းစားမိပါစေနဲ့"
ရှောင်းကျန့်ရဲ့စကားတွေကြောင့် ဒေါသအကြီးအကျယ်ထွက်သွားပုံရတဲ့ မားက ရှောင်းကျန့်ကိုပြောလို့မရမှန်းသိတော့ သူ့နောက်မှာရပ်နေတဲ့ ဝမ့်ရဲ့လက်ကို လှမ်းဆွဲပြီး ထပ်ရိုက်ဖို့ပြင်နေတာမို့ ဝမ့်ရဲ့အရှေ့က ဝင်ကာပေးကာ ရုန်းရင်းဆန်ခတ်ဖြစ်နေရင်း အားမရှိစွာနဲ့ ခွေကျသွားတဲ့ခန္ဓာကိုယ်လေးကြောင့် သူ့ရင်ခွင်ထဲအမြန်ထိန်းထားကာ ဒူးအောက်ကနေ လက်လျှိုလို့ ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်လေးကို ပွေ့ချီပြီး အပေါ်ထပ်ကိုအမြန်တက်သွားလိုက်သည်။