Zawgyi
"မင်းရောက်တာစောသားပဲ ရှောင်းကျန့်"
ရှောင်းကျန့်ဆိုင်ပတ်ဝန်းကျင်ကို လိုက်အကဲခတ်နေရင်း အဝေးကနေအမောတကောပြေးလာတဲ့ ကျိုးချန်ကသူဘာမှမလုပ်ထားတဲ့ပုံစံနဲ့ပြောလာတာမို့ ဂုတ်ပိုးကိုပိတ်ရိုက်ကာ
"နာရီပြန်ကြည့် ငါစောတာလား မင်းနောက်ကျတာလားဆိုတာ"
ရှောင်းကျန့်ပိတ်ပြောလိုက်တော့မှ ကျိုးချန်ကတဟဲဟဲရယ်ပြကာ ဆိုင်ထဲပြန်ဝင်သွားတဲ့ရှောင်းကျန့်နောက်လိုက်လာရင်း
"ဘယ်လိုလဲ ငါရွေးထားတာတော်တယ်မလား"
"မတော်လို့လဲမရဘူးလေ မင်းလုပ်ရတာဆိုလို့ ဒီတစ်ခုပဲရှိတာကို"
ရှောင်းကျန့်ပြောစကားကြောင့် မျက်နှာကြီးရှုံ့မဲ့သွားတဲ့ကျိုးချန်နဲ့ စကားဆက်မပြောတော့ပဲ ဆိုင်အတွင်းပိုင်းကပြင်ဖို့လိုတဲ့နေရာတွေကို ဖုန်းဖြင့်ဓာတ်ပုံလိုက်ရိုက်နေလိုက်သည်။
ရှောင်းကျန့်အခု ကျိုးချန်နဲ့အတူကော်ဖီဆိုင်ဖွင့်ရန်ရည်ရွယ်ပြီး ဝယ်ထားတဲ့ဆိုင်ကို အဆင်ပြေ၊မပြေ လာကြည့်နေခြင်းဖြစ်သည်။ နေ့တိုင်းကော်ဖီစေ့အနံ့လေးတွေရှူရှိုက်ရင်း ကော်ဖီဆိုင်ရဲ့ကောင်တာမှာထိုင်ကာ စာအုပ်လေးဖတ်ပြီးနေရတာက ရှောင်းကျန့်ရဲ့future planတွေထဲကgoalတစ်ခုဖြစ်တာမို့ ကျိုးချန်နဲ့စပ်တူကော်ဖီဆိုင်ဖွင့်ဖို့ စီစဉ်ခဲ့ခြင်းဖြစ်သည်။
အမှန်တော့ ရှောင်းကျန့်ကကုမ္ပဏီကနေ အပြီးတိုင်နှုတ်ထွက်ပြီး ဒီကော်ဖီဆိုင်လေးမှာပဲအေးအေးဆေးဆေးနေချင်ပေမယ့် မားနဲ့ပါးကချက်ချင်းလက်မခံမှာကိုသိနေတာမို့ ရှောင်းကျန့်ကုမ္ပဏီသွားတဲ့ရက်တွေဆို ကျိုးချန်နဲ့လွှဲထားခဲ့ကာ အားတဲ့ရက်တွေမှာသာ ဆိုင်လာထိုင်ဖို့စဉ်းစားထားသည်။
"ဒါနဲ့ မင်းအခုတလောဆရာဝန်လေးတစ်ယောက်ကို ပိုးပန်းနေတယ်ဆိုဟုတ်လား"