Zawgyi
"ကိုယ်နဲ့သူငယ်ချင်းလုပ်ဖို့ ကတိပေးထားတာမေ့သွားပြီမဟုတ်လား"
လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ ပြောခဲ့တဲ့စကားကို မေ့သွားရအောင် ရိပေါ်ကိုဥာဏ်တုံးတဲ့သူများထင်နေလားမသိပါဘူး။ အဲ့နေ့ကစပြီး ရိပေါ်မှာ guardianကိုတွေ့တိုင်း ဘယ်အချိန်များအဲ့စကားကိုထပ်ပြောမလဲဆိုပြီး လန့်နေရတာ။
အမှန်အတိုင်းပြောရရင် ရိပေါ်guardianနဲ့သူငယ်ချင်းမလုပ်ချင်ဘူး။ ရိပေါ်အကျင့်က လူတစ်ယောက်ကို လွယ်လွယ်ကူကူမခင်တွယ်တတ်တဲ့အပြင် guardianကရိပေါ်ကိုကြည့်တဲ့အကြည့်တွေကို သဘောမကျတာကြောင့်လည်းပါမယ်။
ရိပေါ်ကလည်း အရမ်းတုံးအနေတဲ့သူတစ်ယောက်မဟုတ်တာမို့ guardianကရိပေါ်ကို ဘယ်လိုမျိုးသဘောထားလည်းဆိုတာ ရိပ်စားမိပါသည်။
ဟွေ့ချင်းနဲ့guardianရဲ့ဆက်နွယ်မှုကို အတိအကျမသိပေမယ့် သာမန်ရင်းနှီးတာလောက်မဟုတ်နိုင်တာကိုတော့ ခန့်မှန်းမိသည်။ တကယ်လို့ guardianမှာဟွေ့ချင်းမရှိဘူးဆိုရင်တောင် guardianအပေါ်ထားတဲ့ ရိပေါ်ရဲ့သဘောထားက ပြောင်းလဲသွားမှာမဟုတ်ဘူး။
"ရိပေါ်ဘာတွေတွေးနေတာလဲ..ကိုယ်မေးတာဖြေဦးလေ"
"မမေ့ပါဘူးguardian"
"ကိုယ့်ကို guardianဆိုတဲ့နာမည်အစား တခြားရင်းရင်းနှီးနှီးပြောင်းခေါ်ဖို့ အစီအစဉ်မရှိဘူးလား"
"ရိပေါ် မင်းတစ်မနက်လုံးဘယ်ပျောက်နေတာလဲ"
guardianနဲ့စကားပြောနေရင်း ဆွန်းယွန်းတို့အုပ်စုကခြံထဲဝင်လာပြီး ရိပေါ်ကိုလှမ်းမေးလိုက်တာကြောင့် ရိပေါ်ဝမ်းသာအားရဖြင့် လှမ်းရယ်ပြကာ guardianကိုနှုတ်ဆက်ပြီး ဆွန်းယွန်းတို့ဆီကိုအပြေးသွားမိသည်။
"ဒီလိုကျတော့လည်း guardianကလက်သွက်သားပဲကွ"
"ရှူး...တိုးတိုးပြော။ ဟိုကကြားသွားရင် တစ်မျိုးထင်နေဦးမယ်.."