Zawgyi
အရင်က နားရက်ရတဲ့နေ့ဆို နေမြင့်တဲ့အထိ အိပ်တတ်တဲ့ရိပေါ်က ဒီတစ်ခါပိတ်ရပ်မှာတော့ မနက်အစောကြီးထဲကထပြီး ရေချိုးပြင်ဆင်နေမိသည်။ ဒီနေ့က ရိပေါ်နဲ့ကျန့်ကောdateလုပ်ဖို့ချိန်းထားကြတာဖြစ်သည်။
ချစ်သူစဖြစ်ပြီးထဲက နှစ်ယောက်လုံးက အလုပ်ကိုယ်စီနဲ့မအားကြတာမို့ ဆေးရုံကိုလိုက်ပို့တဲ့အချိန် ဒါမှမဟုတ် လာကြိုတဲ့အချိန်မှ တွေ့ကြရတာမို့ အလောတကြီးနိုင်လှသည်။
ရေချိုးပြီးတာ နာရီဝက်လောက်ကြာပြီဖြစ်ပေမယ့် ရိပေါ်အခုထိ အင်္ကျီမလဲရသေးပေ။ ဗီရိုရှေ့မတ်တပ်ရပ်လို့ အင်္ကျီတစ်ထည်ပြီး တစ်ထည်ထုတ်ကာ ကုတင်ပေါ်မှာ ဖြန့်ကျဲထားပြီး ရွေးနေမိသည်။
ကျန့်ကောက အနီရောင်ကြိုက်တာဆိုတော့ အနီရောင်ဝတ်သွားရမလား။ တီရှပ်အနီရောင်လေးကိုကိုင်ကာ စဉ်းစားနေရင်း ခဏကြာတော့ လုံးထွေးပြီးကုတင်ထောင့်ကိုလှမ်းပစ်လိုက်သည်။ မဖြစ်သေးပါဘူး အနီရောင်ဆို အရမ်းကြီးထင်းနေမယ်ထင်တယ်။
ပန်းရောင်ဆိုရင်လည်း အရမ်းကလေးဆန်လွန်းတယ်။ တော်ကြာ ကျန့်ကောက ရိပေါ်ကို သူငယ်နာမစင်သေးတဲ့ကလေးလို့ထင်သွားလိမ့်မယ်။
ကျန့်ကောနဲ့ချိန်းထားတဲ့အချိန်ကလည်း နီးနေပြီမို့ အင်္ကျီရွေးတာကိုမြန်မြန်လက်စသတ်လိုက်ပြီး အဝါရောင်ခေါင်းစွပ်အင်္ကျီလက်ရှည်လေးဝတ်ကာ မှန်ရှေ့မှာအဆင်ပြေ၊မပြေရပ်ကြည့်နေရင်း ကျန့်ကောဆီကမက်ဆေ့ခ်ျဝင်လာတာမို့ အောက်ထပ်ကိုအပြေးအလွှားဆင်းသွားလိုက်တော့သည်။
"ကျန့်ကော ကျွန်တော်တို့ဘယ်သွားကြမလဲ"
ကားပေါ်ရောက်တာနဲ့ တက်တက်ကြွကြွမေးလာတဲ့ကလေးငယ်ကို seat beltလေးပတ်ပေးရင်း ပါးဖောင်းလေးကိုတစ်ချက်ဖိနမ်းကာ
"ဝမ်ရော ဘယ်ကိုသွားချင်လဲ"
"ကျွန်တော်မစဉ်းစားတတ်လို့ ကျန့်ကောကိုမေးတာပေါ့လို့"