Suggest Song- Love,This by Slay,Avin
ရိပေါ်အခုရောက်နေတာက ငါးထပ်မြောက်မှာဖြစ်ပြီး ဟွေ့ချင်းပြောတဲ့ အရေးပေါ်ခန်းက မြေညီထပ်မှာရှိတာမို့ ဓာတ်လှေကားစီးဖို့တောင်သတိမရတော့ပဲ လှေကားကနေသာ ခြေလျင်အပြေးအလွှားဆင်းလာကာ စိတ်ထဲကနေလည်း ကျန့်ကောဘာမှမဖြစ်ဖို့သာ ဆုတောင်းနေမိသည်။
"ကျန့် ကော... ကျန့် ကော ....ဘယ်မှာလဲ ...ကျန့်ကော ဘာ မှ ဖြစ် လို့ မ ရ ဘူးနော် .... ကျန့် ကော ....."
ပါးစပ်ကနေလည်း အော်ခေါ်ရင်း emergency roomရဲ့တံခါးကို တွန်းဖွင့်ပြီးဝင်လိုက်ချိန် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ရိပေါ်ကိုယ့်မျက်လုံးပင် ကိုယ်မယုံနိုင်ဖြစ်ကာ မျက်ရည်တွေတအိအိကျလို့ ကြောင်အနေမိတော့သည်။
အခန်းတစ်ခုလုံးကို ပန်းနုရောင်ပူဖောင်းလေးတွေနဲ့အလှဆင်ထားပြီး နေရာအနှံ့မှာလည်း MARRY MEဆိုတဲ့ စာတန်းလေးတွေကို ချိတ်ဆွဲထားလေသည်။
"ဝမ်...."
ထိုအချိန် အနောက်ဖက်ကအသံကြားလိုက်ရတာမို့ မယုံနိုင်စွာနဲ့ အနောက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်မိတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် တအံ့တသြဖြင့် ပါးစပ်ကိုလက်ဖြင့်အုပ်လို့ စိတ်အားတင်းထားသမျှကိုလျှော့ချလိုက်ကာ ငိုမိတော့သည်။
အခုအနေအထားက ကျန့်ကောက ရိပေါ်အရှေ့မှာ လက်စွပ်ဗူးအနီရောင်လေးကိုင်လို့ ဒူးထောက်နေပြီး ကျန့်ကောအနောက်မှာရပ်နေတဲ့ ဆွန်းယွန်းတို့အုပ်စုက'WILL YOU MARRY ME WANG💚'ဆိုတဲ့စာသားရေးထားတဲ့ bannerအကြီးကြီးကို ကိုင်ကာရပ်နေပြီး ဟွေ့ချင်းအပါအဝင် တစ်ခြား ဆရာဝန်တွေ သူနာပြုတွေကတော့ ပန်းရောင်ပူဖောင်းလေးတွေတစ်ယောက်တစ်လုံးဆီကိုင်ထားကာ သဘောတကျကြည့်နေကြလေသည်။
ဒါဆို ကျန့်ကောကားအက်စီးဒင့်ဖြစ်တယ်ဆိုတာ တကယ်မဟုတ်ဘူးပေါ့။ ပြီးတော့ အခု ကျန့်ကောက ရိပေါ်ကို လက်ထပ်ခွင့်တောင်းနေတယ်။ နှစ်ယောက်ထဲတောင်မဟုတ်ပဲ လူအများကြီးအရှေ့မှာ ရိပေါ်ကို လက်ထပ်ခွင့်တောင်းတာ။