Zawgyi
"မင်းခြေတစ်လှမ်း အိမ်အပြင်ကိုရောက်တာနဲ့ မားကိုနောက်ထပ်တွေ့ရဖို့ မမျှော်လင့်နဲ့တော့.."
ဝမ့်ရဲ့လက်ကိုဆွဲပြီး အိမ်အပြင်ကိုထွက်မယ့်ရှောင်းကျန့်ရဲ့ခြေလှမ်းတွေ ခဏတာရပ်တန့်သွားတယ်။ ဒါကို အထင်လွဲသွားပုံရတဲ့ဝမ်က ရှောင်းကျန့်ရဲ့လက်ကိုဖြုတ်ချခဲ့ပြီး အိမ်အပြင်ကိုထွက်ပြေးသွားလေတယ်။ အင်း... ဝမ်အရမ်းခံစားသွားရမှာ ပြီးတော့ .. သိပ်လည်းရှက်သွားရှာမှာ။
ရှောင်းကျန့်စိတ်အတိုင်းဆို ချက်ချင်းပြေးလိုက်သွားနိုင်ပေမယ့် အခုက ကိုယ့်စိတ်ကိုယ်အလိုလိုက်လို့မရသေးဘူး။ အခုကိစ္စက ရှောင်ပြေးရုံနဲ့ပြီးသွားမယ့် ကိစ္စမဟုတ်ဘူး။ တစ်ခါထဲ အပြတ်ပြောမှဖြစ်မှာ။
"မားက သားကိုအကျပ်ကိုင်နေတာပဲ"
"ကောင်းစေချင်လို့ ပြုပြင်ပေးတာကို အကျပ်ကိုင်တယ်လို့ခေါင်းစဉ်တပ်ချင်ရင်လည်း သဘောပဲ ..။ မားကတော့ မားရဲ့သားကို ဘာမဟုတ်တဲ့ယောကျာင်္းတစ်ယောက်နဲ့သဘောမတူနိုင်ဘူး"
"ဒါဆို သားရဲ့ဆန္ဒကရော... သားတစ်ဘဝလုံးစာလက်တွဲသွားရမယ့်သူကိုတောင် သားကရွေးချယ်လို့မရတော့ဘူးလား"
"သားကလိမ္မာပါတယ်ကွယ် ...အခုကလည်း အထူးအဆန်းမို့ သားစိတ်ယိုင်သွားတာဖြစ်မှာပါ။ အဲ့ဒီကောင်လေးနဲ့ အဆက်အသွယ်ဖြတ်လိုက်နော် .."
မားက အကြမ်းနည်းကအသုံးမဝင်မှန်းသိသွားတော့ အနုနည်းသုံးလို့ချော့မော့ပြောလာသည်။ မားရဲ့အထင် အရင်ကိစ္စတွေတုန်းကလိုပဲ ရှောင်းကျန့်ကိုထိန်းချုပ်လို့ရဦးမယ်လို့ထင်နေပုံပါပဲ။
"မလုပ်နိုင်ဘူးဆိုရင်ရော..."
ရှောင်းကျန့်ရဲ့ခပ်ထေ့ထေ့အပြောကြောင့် မားကစိတ်တိုသွားပုံပင်။ ရှောင်းကျန့်လက်မောင်းတစ်ဖက်ကိုကိုင်ပြီး လေပြေသွေးနေရာက ရှောင်းကျန့်ကိုကျောပေးသွားကာ