Ch-31

1.5K 132 12
                                    

Zawgyi

"ဝမ်​ရိ​ပေါ်တို့များ ရန်​ဖြစ်​ထား​ပေလို့သာပဲ.. တည့်​သာတည့်​​နေရင်​​တော့လား"

"ငါ့မှာ​တော့ ငါ့​ကြောင့်​ရန်​ဖြစ်​သွားရတယ်​ကြားပြီး စိတ်​မ​ကောင်းဖြစ်​​နေတာ ... ဒင်းတို့က​တော့ ငါမ​ပြောလိုက်​ချင်​ဘူး"

မင်​​ဟောက်​ရဲ့မဲ့ကာယွဲ့ကာဖြင့်​ ​ပြောတဲ့စကားကို ဆွန်းယွန်းက​ထောက်​ခံ​ပြောရင်း ရိ​ပေါ်ကိုတစ်​လှည့်​ ရိ​ပေါ်အတွက်​အ​အေးသွားယူ​နေတဲ့ကျန့်​​ကောကိုတစ်​လှည့်​ကြည့်​ပြီး ပြုံးစိစိလုပ်​​နေကြတာမို့ ခုံ​အောက်​က​နေ ​ခြေ​ထောက်​​တွေကိုလှမ်းကန်​လိုက်​ရင်း

"တိုးတိုး​ပြောပါဟ သူများ​တွေကြားကုန်​မယ်​"

"ဘာအခုမှ လာရှက်​ပြ​နေတာလဲ... အများပိုင်​နား​နေခန်းထဲမှာ love sceneရိုက်​​နေတုန်းက​ကျ​တော့​ရော မရှက်​ဘူးလား"

"ကိုယ့်ရည်းစားကိုယ်​နမ်းတာ ဘာဖြစ်​လဲ ....မင်းတို့​တောင်​ အဲ့လိုနမ်းရမယ့်​သူမရှိဘူးမလား"

ဖန်​ရှင်းရဲ့စကားကို ပိတ်​​ပြောလိုက်​​တော့ သုံး​ယောက်​လုံးကရယ်​​နေရာက​နေ ချက်​ချင်းဆိုသလို တည်​တင်းသွားတာမို့ ရိ​ပေါ်တဟားဟား​အော်​ရယ်​​နေမိသည်​။ အနာ​ပေါ် တုတ်​ကျသွားတဲ့​ကောင်​​တွေ။

"ဘာ​တွေဒီ​လောက်​သ​ဘောကျ​နေတာလဲ ဝမ်​ရဲ့"

"အဲ့​ကောင်​​တွေ​ပေါ့ ကျွန်​​တော်​တို့နှစ်​​ယောက်​ကို အားကျလို့တဲ့"

သွား​လေး​တွေကိုစိပြီး ရယ်​ပြရင်း ​ပြောလာတဲ့က​လေးငယ်​ရဲ့စကား​ကြောင့်​ ​​ရှောင်းကျန့်​ကြည့်​လိုက်​​တော့ ဝမ့်​ရဲ့သူငယ်​ချင်း​တွေက အံတကြိတ်​ကြိတ်​ဖြင့်​ ဝမ့်​ကိုကြည့်​​နေကာ ​ရှောင်းကျန့်​ရှိ​နေလို့သာ ဘာမှမလုပ်​ရဲတဲ့ပုံပင်​။

❀ ❀ ❀ ❀ ❀

နန်​ကျင်းမှာ​နေတဲ့ ဝမ်​ဟန်​ရဲ့သူငယ်​ချင်းတစ်​​ယောက်​က အလုပ်​ကိစ္စနဲ့​ပေကျင်းကို​ရောက်​လာတာမို့ ​ရောက်​တုန်း​ရောက်​ခိုက်​ ​တွေ့ဖို့​ချိန်းထားတာမို့ ​ဆေးရုံကအပြန်​ ဝင်​​တွေ့ရန်​ ကားပါကင်​ဆီခပ်​သွက်​သွက်​​လျှောက်​လာ​နေရင်း ရိ​ပေါ်နဲ့​ရှောင်းကျန့်​တို့နှစ်​​ယောက်​ ကားပါကင်​ဘက်​ကို ​လျှောက်​လာ​နေတာကို ​တွေ့လိုက်​ရတာမို့ နှုတ်​ဆက်​ဖို့ပြင်​​လိုက်​​ပေမယ့်​ ဟို​နေ့က ​ဟွေ့ချင်း​ပြောခဲ့တဲ့စကားကို နားထဲပြန်​ကြား​ယောင်​မိတာမို့ ​ခေါင်းကိုအသာယမ်းကာ ကား​မောင်းပြီးသာထွက်​လာလိုက်​သည်​။

LOVE ME OR NOT?[Completed]Where stories live. Discover now