Ch-47

2.9K 164 25
                                    

Unicode

ယွီရှန်း မားကတ်ထဲမှာ ရှောင်းသခင်မဝယ်ခိုင်းလိုက်တဲ့ပစ္စည်းတွေကို လိုက်ဝယ်နေရင်း ကိုကို့ကိုလှမ်းတွေ့လိုက်တာမို့ လက်လှမ်းပြဖို့ ပြင်လိုက်တုန်းမှာပင် ကိုကို့ဘေးမှာမြင်လိုက်ရတဲ့သူကြောင့် မျက်မှောင်ကျုံ့လိုက်မိသည်။

အားရီက လော့ရန်မှာမဟုတ်ဘူးလား။ သူတောင်းတောင်းပန်ပန်နဲ့ သွားခေါ်တာကိုတောင် လက်မခံပဲ သူ့ကိုနှင်လွှတ်လိုက်တာမဟုတ်လား။ အခုဘယ်လိုဖြစ်ပြီး ကိုကိုနဲ့အတူရှိနေရတာလဲ။

ကိုကိုနဲ့အားရီက စကားတပြောပြောဖြင့် ဈေးဝယ်ပြီးထွက်သွားတာမို့ သူလည်းတက္ကစီအမြန်ငှါးလိုက်ကာ ကိုကို့ကားအနောက်ကို လိုက်သွားလိုက်သည်။ ကွန်ဒိုတစ်ခုအရှေ့ရောက်တော့ ကိုကို့ကားက ရပ်သွားတာမို့ တက္ကစီကိုခပ်လှမ်းလှမ်းမှာ ရပ်ခိုင်းလိုက်ပြီး ကားထဲကနေ အကဲခတ်နေလိုက်သည်။

ကိုကိုက ဈေးဝယ်လာတဲ့အထုတ်တွေကို မနိူင်မနင်းသယ်ကာ အရှေ့ကနေထွက်သွားပြီး အားရီကအနောက်ကနေလိုက်သွားလေသည်။ ခဏကြာတော့ ကိုကိုက အောက်ကိုပြန်ဆင်းလာကာ ကားမောင်းပြီးထွက်သွားတာမို့ ယွီရှန်းဟက်ခနဲရယ်လိုက်မိသည်။ လတ်စသတ်တော့ ကိုကိုက အားရီကိုဒီမှာဖွက်ထားတာပဲ။

ဝမ်ရိပေါ်ရာ မင်းအစားငါသနားလိုက်တာ။ မင်းချစ်လှပါပြီဆိုတဲ့ မင်းရဲ့ယောကျာၤးက မင်းကိုစွန့်ပစ်သွားတဲ့ မင်းမုန်းလှပါချည်ရဲ့ဆိုတဲ့ မင်ူရဲ့အမေကို ဖွက်ထားပေးတာကိုသာသိရင် ဘယ်လိုများနေလိမ့်မလဲ။ ကံကြမ္မာက ယွီရှန်းဘက်မှာရှိပါသေးတယ်။

ဒီနေ့ ရိပေါ်နားရက်ရတာမို့ ကျန့်ကောအတွက် နေ့လည်စာချက်ပေးဖို့စဉ်းစားထားသည်။ တစ်ခါမှမချက်ဖူးပေမယ့်လည်း ကျန့်ကောအတွက် ကြိုးစားကြည့်ချင်သည်။ သူ့စိတ်တွေအားလုံးကို လွှတ်ချလိုက်ပြီးတဲ့နောက်ပိုင်း စိတ်ထဲပိုပြီး ကြည်လင်လာသလို ပိုပြီးလည်း ပေါ့ပါးလန်းဆန်းလာသည်။

မီးဖိုချောင်ထဲဝင်ကာ ရေခဲသေတ္တာထဲကနေ ချက်လို့အဆင်ပြေလောက်မယ့် ပစ္စည်းတွေကိုယူကာ ဖုန်းထဲကနေ ဟင်းချက်နည်းကို ရှာပြီးချက်ဖို့ပြင်ဆင်လိုက်သည်။ ဟင်းချက်မယ်သာပြောတာ တကယ်တမ်းကျတော့ ကြက်သွန်နီပင်မလှီးဖူးတာမို့ တော်တော်မလွယ်ကူလှ။

LOVE ME OR NOT?[Completed]Where stories live. Discover now