Ch-34

1.7K 156 30
                                    


Suggest Song- How Deep Is Your Love(guitar cover) by Sungha Jung

"ဒီလိုဟာမျိုးက မင်္ဂလာပွဲလို့​ခေါ်ထိုက်​​သေးတာလား... ကြည့်​ရတာ ​ရွှေတွင်းထင်​ပြီး မင်းအပိုင်​ကြံလိုက်​တဲ့သူက မိဘ​တွေဆီကအ​မွေဖြတ်​စွန့်​လွှတ်​ခံလိုက်​ရ​တော့ အခွံသက်​သက်​ပဲရှိ​တော့ပုံပဲ ဟင်းဟင်း"

ပြင်​ဆင်​ထားတာ​တွေကို မျက်​စိ​ဒေါက်​​ထောက်​ကြည့်​ပြီး ရိ​ပေါ်ကိုမြင်​တာနဲ့ မဲ့ကာယွဲ့ကာဖြင့်​​ပြောလာတဲ့ ဝမ်​က​တော်​​ကြောင့်​ ရိ​ပေါ်စိတ်​တိုတိုဖြင့်​ စုတ်​သတ်​လိုက်​မိသည်​။ 

ဘေးမှာရပ်​​နေတဲ့ကျဲကိုလှမ်းကြည့်​လိုက်​​တော့ မျက်​နှာအပျက်​ပျက်​အယွင်းယွင်းဖြင့်​ ရိ​ပေါ်ကို​အားနာသ​ယောင်​ကြည့်​​နေကာ ဝမ်​က​တော်​ကိုအတင်းဆွဲ​ခေါ်​နေ​လေသည်​။

"ဘာဖြစ်​လို့မားကို အတင်းဆွဲ​နေတာလဲလုလု ....မားက ဝမ်​ရိ​ပေါ်ရဲ့အုပ်​ထိန်းသူအဖြစ်​နဲ့ သမီးရဲ့ပါးက သွားလိုက်​ပါဆိုလို့ လာ​ပေးရတာ။ ဝမ်​အိမ်​​တော်​က တရားမဝင်​သား အယ်​..မှားလို့ ... သားအငယ်​​လေးရဲ့ လက်​ထပ်​ပွဲကို မားကဂုဏ်​ပြု​ပေးရမှာ​ပေါ့ကွယ်​ မဟုတ်​ဘူးလား ဝမ်​ ..ရိ ..​ပေါ် "

အံကျိတ်​သံဖြင့်​ ရိ​ပေါ်ရဲ့နာမည်​ကို တစ်​လုံးချင်​စီ​ခေါ်ပြီး ​လှောင်​ပြုံးပြုံးပြီး​ပြော​နေတဲ့စကား​တွေ​ကြောင့်​ ရိ​ပေါ်လက်​သီးနှစ်​ဖက်​ကိုတင်းတင်းဆုပ်​ကာ ထို​နေရာက​နေ လှည့်​ထွက်​လာလိုက်​သည်​။ ဒီ​နေ့လို ​နေ့​လေးမှာ ရိ​ပေါ်​စိတ်​မတိုချင်​ဘူး။ ပြီး​တော့ ရန်​ဖြစ်​ဖို့လည်း ဆန္ဒရှိမ​နေဘူး။

"​ရှောင်းဝမ်​ ...​ ​ရှောင်းဝမ်​ မားရဲ့ကိုယ်​စားကျဲ​တောင်းပန်​ပါတယ်​​နော်​ ... မားကို မလိုက်​ခဲ့ဖို့ကျဲတားပါ​သေးတယ်​ ဒါ​ပေမယ့်​ ...မားကလက်​မခံတဲ့အပြင်​ ပါးကပါ မားဘက်​က​ဆို​တော့..."

ရိ​ပေါ်​နောက်​ကို အ​မောတ​ကောအ​ပြေးလိုက်​လာပြီး အသည်း​အသန်​ရှင်းပြ​နေတဲ့ကျဲ​ကြောင့်​ ရိ​ပေါ်​ခေါင်းညိတ်​ပြလိုက်​ကာ

"ကျွန်​​တော်​နားလည်​ပါတယ်​ကျဲ ....ပြီး​တော့ ကျဲအမှားမဟုတ်​တာမို့ ​တောင်းပန်​ဖို့မလိုပါဘူး"

LOVE ME OR NOT?[Completed]Where stories live. Discover now