Zawgyi
ရိပေါ်တို့အဖွဲ့meeting roomထဲကိုရောက်သွားတော့ လူကအတော်အသင့်စုံနေပေမယ့် ဆေးရုံအုပ်ကတော့မရောက်သေးပေ။ အားလုံးကကိုယ့်groupအလိုက်ထိုင်ခုံတွေကို အဝိုင်းပုံသဏ္ဍာန်ချထားပြီး ထိုင်နေကြကာ ထောင့်နားကခုံမှာguardianနဲ့အတူထိုင်နေတဲ့ဟွေ့ချင်းက ရိပေါ်တို့ကိုမြင်တော့လက်လှမ်းပြတာမို့ ထိုနေရာမှာဝင်ထိုင်လိုက်ကြသည်။
ဆေးရုံအုပ်ကမရောက်သေးတာမို့ အားလုံးကကိုယ့်အစုနဲ့ကိုယ် အရမ်းခေါင်တဲ့ဘက်တွေမရောက်ချင်ကြောင်းပြောသံတွေကို တစ်စွန်းတစ်စကြားနေရသည်။ ဘေးကသုံးယောက်သားကတော့ ဟွေ့ချင်းနဲ့အဖွဲ့ကျနေကာ တစ်ယောက်တစ်ပေါက်ဖြင့် ဘယ်နေရာကိုဘယ်လိုသွားချင်ကြောင်း ငြင်းခုံကာပြောနေကြလေသည်။
တကယ်တော့ ရိပေါ်တို့လိုhouse surgeonsလေးတွေအတွက် ဒီကာလကစိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်လို့ ပြောလို့ရတယ်။ ဆေးကျောင်းပြီးတာနဲ့ ဆေးရုံမှာတစ်နှစ်ကျော်လောက်house surgeonsဆင်းကာ အခုလိုfinalကိုရောက်ပြီး ကိုယ့်groupအလိုက်ကျရာနယ်မှာ လက်တွေ့ဆင်းပြီးမှ လုပ်ငန်းခွင်ထဲကိုဝင်ခွင့်ရတာမို့ ကိုယ်ကျက်ထားမှတ်ထား၊ လေ့လာထားသမျှကို အစွမ်းကုန်အသုံးချရမယ့်အချိန်လည်းဖြစ်သည်။
ရိပေါ်အတွေးများနေရာကနေ ဘေးကစကားသံတွေတိတ်သွားတာမို့ လှမ်းကြည့်လိုက်တော့ ဆေးရုံအုပ်ကမျက်နှာထားတည်တည်ဖြင့်projectorရှေ့တွင်ဝင်ရပ်ကာ ဘေးတွင်တော့lucky draw boxခပ်ငယ်ငယ်ကိုင်ထားတဲ့ လူတစ်ယောက်ကရပ်နေလေသည်။
"အားလုံးပဲ ဒီနေ့meetingခေါ်ရတဲ့အကြောင်းကို သိပြီးလောက်ပြီထင်ပါတယ်။ အခုအားလုံးမြင်နေရတဲ့ ဒီboxထဲမှာသက်ဆိုင်ရာregionsအသီးသီးရဲ့နာမည်တွေကို ရေးထားတယ်...အဲ့ဒီတော့ groupတစ်ခုချင်းဆီမှာရှိတဲ့guardiansတွေက အရှေ့ကိုထွက်လာပြီးတော့ groupကိုယ်စားမဲနှိုက်ပြီး ကိုယ်သွားရမယ့်regionsကိုဆုံးဖြတ်ပေးလိမ့်မယ်။ အဆင်သင့်ဖြစ်ပြီဆို guardiansတွေအရှေ့ကိုထွက်လာလို့ရပြီ..."