Ch-14

1.7K 162 24
                                    

Zawgyi

အိပ်​ယာအ​ပြောင်းအလဲ​​ဆို မအိပ်​တတ်​တဲ့အပြင်​ ကြမ်းပြင်​​ပေါ်မှာအိပ်​​ရတာ​ကြောင့်​ ​ကျောကနာလာပြီး ဆက်​အိပ်​လို့မရ​တော့တာမို့ ငုပ်​တုပ်ထထိုင်​လိုက်​ကာ အပြင်​ဘက်​ကိုလှမ်းကြည့်​လိုက်​​တော့ ​နေ​ရောင်​ပင်​မထွက်​​သေးပဲ မနက်​​ဝေလီ​ဝေလင်းအချိန်​သာရှိ​သေးသည်​။

အနည်းငယ်​နာ​နေတဲ့ဇာတ်​ကို ဟိုဘက်​သည်​ဘက်​လှည့်​ရင်း အ​ညောင်း​ပြေအပျင်း​ကျောဆန့်​လိုက်​​တော့ guardian​ဘေးမှာ ​မျက်​နှာကိုရှုံ့မဲ့ပြီးအိပ်​​နေတဲ့လူ​ကြောင့်​ ရိ​ပေါ်သ​ဘောတကျပြုံးလိုက်​မိသည်​။

အားလုံးက​ယောကျာင်္း​လေး​တွေပဲမို့ ​​နေရာသီးသန့်​ကန့်​မ​နေ​တော့ပဲ အထုတ်​​တွေကိုတစ်​​နေရာမှစုထားပြီး ​ဘေးချင်းယှဉ်​ရက်​တန်းစီပြီး အိပ်​ကြတာဖြစ်​သည်​။ ရိ​ပေါ်ကအလယ်​မှာမအိပ်​တတ်​တာမို့ နံရံ​ထောင့်​မှာ​နေရာယူကာ ရိ​ပေါ်ရဲ့​ဘေးမှာ​တော့ ဖန်​ရှင်း​၊ ​မင်​​ဟောက်​၊ ဆွန်းယွန်းတို့ကအိပ်​ပြီး ​ရှောင်းကျန့်​ဆိုတဲ့လူက​တော့ guardianလီနဲ့ ဟွမ်​စစ်​ရဲ့အလယ်​မှာ အိပ်​ရ​လေသည်​။

guardianလီကပိန်​​တော့ ပြဿနာမရှိ​ပေမယ့်​ ခန္ဓာကိုယ်​အနည်းငယ်​ထွားတဲ့ဟွမ်​စစ်​က ​ခြေ​ထောက်​တစ်​ဖက်​ကို​ရှောင်းကျန့်​​ပေါ်တင်​ပြီး ခွအိပ်​​နေတာမို့ မျက်​နှာမသာမယာဖြင့်​အိပ်​​နေ​တာဖြစ်​မည်​။

ရိ​ပေါ်​တွေ့လိုက်​တိုင်း အမြဲတမ်း​​ပြောင်​စပ်​စပ်​နဲ့ မျက်​နှာပိုးမ​သေတဲ့လူက အခုလိုရှုံ့မဲ့​နေတာကိုမြင်​​တော့ ရိ​ပေါ်​ခေါင်းအုံး​အောက်​ကဖုန်းကိုယူကာ ဓာတ်​ပုံရိုက်​ထားလိုက်​မိသည်​။

သတိလက်​လွတ်​ရိုက်​ပြီးကာမှ ကိုယ့်​အဖြစ်​ကိုယ်​ပြန်​​တွေးမိပြီး ရှက်​လာတာမို့ ပုံကိုချက်​ချင်းပြန်​ဖျက်​ဖို့ပြင်​လိုက်​​ပေမယ့်​ တစ်​ပုံ​လောက်​မှားရိုက်​မိတာဘာမှမဖြစ်​​လောက်​ဘူးထင်​တာမို့ ဒီအတိုင်းပဲထားဖို့ဆုံးဖြတ်​လိုက်​သည်​။

မျက်​လုံးကလည်း အတန်​အသင့်​ကျယ်​​နေပြီမို့ ပြန်​အိပ်​မရ​တော့မယ့်​အတူတူ ဒီနားဟိုနားလမ်း​လျှောက်​ဖို့ဆုံးဖြတ်​လိုက်​ပြီး ​ခြေသံဖွဖွနင်းကာ ခြံထဲကိုဆင်းသွားလိုက်​သည်​။

LOVE ME OR NOT?[Completed]Where stories live. Discover now