Suggest Song- Because Of You By (By2)
"မင်းကတော့ ဒီမှာအေးဆေး နေနိုင်သေးတယ်ပေါ့ .... မင်းကြောင့် အခု ရိပေါ်ပျောက်နေတယ်ကွ အဲ့တာကိုမင်းသိလား"
စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလာတဲ့ကျိုးချန်ရဲ့စကားကြောင့် ရှောင်းကျန့်ခေါင်းထဲဒိန်းခနဲပဲ။ ဝမ်က ပျောက်နေတယ်တဲ့လား။ မဖြစ်နိုင်တာ ...ဘာကိစ္စဝမ်က ပျောက်ရမှာလဲ။
"အဲ့ဒီတော့..."
ဘာမှမဖြစ်သလို မျက်ခုံးနှစ်ဖက်ကိုပင့်ပြီး မေးလာတဲ့ရှောင်းကျန့်ကို စိတ်တိုလွန်းလို့ ရင်ဘတ်ကအင်္ကျီစကို ဆွဲစုပ်လိုက်ကာ
"မင်းကြောင့် မင်းရဲ့လုပ်ရပ်ကြောင့် မနေ့ကထဲက ရိပေါ်ပျောက်သွားတာ အခုချိန်ထိ ရှာလို့မတွေ့သေးဘူး။ ဒါတောင် မင်းက ဒီလိုစကားပြောထွက်သေးတာလား"
"ငါ့ကြောင့် ... သူအခုလို ပျောက်သွားတာငါ့ကြောင့်ပေါ့လေ.. အရူးလုပ်ခံရတာက ငါပါကွ ...ဒါတောင် ငါ့အပြစ်လို့ ပြောနိုင်သေးတယ်ပေါ့ .. မင်းပြောလို့ပြီးပြီဆို ပြန်တော့ ... အိပ်ရတာဇိမ်ပျက်တယ်"
ကျိုးချန်ပြောနေတဲ့စကားတွေက သူအိပ်ရေးပျက်တာလောက်တောင်အရေးမပါတဲ့ပုံစံမျိုးနဲ့ ပြောနေတဲ့ရှောင်းကျန့်ရဲ့ရင်ဘတ်ကိုစောင့်တွန်းကာ ထိုအခန်းထဲကထွက်လာမိသည်။
သူ့သူငယ်ချင်းရှောင်းကျန့်က အချိန်တိုအတွင်း ဘာလို့ဒီလောက်တောင် ပြောင်းလဲသွားနိုင်ရတာလဲ။ သူသိခဲ့တဲ့ ရှောင်းကျန့်နဲ့ အခုမြင်ခဲ့ရတဲ့ရှောင်းကျန့်ရဲ့ပုံစံက တစ်စက်ကလေးတောင်တူမနေဘူး။
တံခါးပိတ်သံကြားတော့မှ အိပ်ချင်ယောင်ဆောင်နေရာကနေ အလျင်စလိုထကာ ကားသော့ယူပြီး ကားပါကင်ရှိရာကို ခြေလှမ်းကျဲကြီးတွေဖြင့် လျှောက်သွားမိသည်။
ကိုယ်မင်းကို ဘာမှဖြစ်ခွင့်မပေးနိုင်ဘူး ဝမ်...။
❀ ❀ ❀ ❀ ❀