Suggested Song- Let Me Go Home by Michael Buble
"အဲ့လိုမဟုတ်ဘူး ကျန့်ကော အပေါ်ကိုနည်းနည်းတိုး.."
"ဒီလိုလား ...."
"အာ ... မရသေးဘူး စောင်းနေသေးတယ်လို့"
ဝမ်က အဘိုးကြီးပေါက်စလေးလို ပွစိပွစိနဲ့ မကျေမချမ်းပြောနေတာမို့ မတ်တပ်လှေကားပေါ်ကနေ ဆင်းလာပြီး ဆူထော်နေတဲ့နှုတ်ခမ်းလေးကို မွခနဲနမ်းလိုက်တော့ ဝမ်က မျက်လုံးလေးပြူးသွားပြီး သူ့နှုတ်ခမ်းသူလက်နဲ့အုပ်ကာ ဘေးဘီဝဲယာကို လှမ်းကြည့်ရင်း
"သူများတွေမြင်သွားလိမ့်မယ်လေ ကျန့်ကော"
"မြင်လည်းဘာဖြစ်လဲ.. ဒီရွာမှာ ကိုယ်ကဝမ့်ရဲ့ယောကျာၤးဆိုတာ အကုန်သိနေတာပဲဟာ"
သူ့ခါးကို ဆွဲဖက်ရင်း မျက်နှာကိုမော်ချီလို့ပြောလာတဲ့ကျန့်ကောကို ကြည့်ရင်း ရိပေါ်ကြည်နူးမိသလို စိတ်မကောင်းလည်းဖြစ်မိသည်။ ကိစ္စတွေအားလုံး ဖြစ်သွားပြီးနောက်ပိုင်း ဟွေ့ချင်းနဲ့ကျိုးချန်ကောတို့ရဲ့ ဘေးကနေဖြောင်းဖျပေးမှုကြောင့် ရှောင်းသခင်မက ရိပေါ်ကို အရင်ကလောက် ခါးခါးသီးသီးမဖြစ်တော့ပဲ ရှောင်းအိမ်တော်မှာပဲနေဖို့ ခွင့်ပြုတာမို့ ရိပေါ်နဲ့ကျန့်ကောခေါင်းချင်းဆိုင်ခဲ့ရသေးသည်။
ရိပေါ်က အမှားတွေအများကြီးလုပ်မိပြီးတဲ့နောက်ပိုင်း ကျန့်ကောကို မိဘတွေနဲ့ရိပေါ်ကြားမှာ ဗျာများရမယ့်အဖြစ်မျိုးမဖြစ်စေချင်သလို ဖိအားတွေလည်းထပ်မပေးချင်တော့တာမို့ ရှောင်းသခင်မသဘောအတိုင်း ရှောင်းအိမ်တော်မှာလိုက်နေရမယ်ဆိုလည်း အဆင်ပြေပေမယ့် ကျန့်ကောကတော့ လုံးဝလက်မခံ။
ကျန့်ကောက ရိပေါ်ကို ဒီလိုမကောင်းတဲ့အမှတ်တရဆိုးတွေရှိတဲ့ ပတ်ဝန်းကျင်ကနေ ခေါ်ထုတ်ပြီး ရိပေါ်ငယ်ငယ်ကနေခဲ့ဖူးတဲ့ လော့ယန်ကရွာငယ်လေးမှာ အခြေချဖို့ကိုသာ စိတ်အားထက်သန်နေသည်။ ကျန့်ကောဆီက အဲ့ဒီစကားကြားတုန်းကဆို ရိပေါ်မျက်ရည်ကျတဲ့အထိပင် ပျော်မိသည်။ ကျန့်ကောက ရိပေါ်ကိုဘယ်လောက်ထိအလေးထားပြီး မြတ်နိုးကြောင်းကိုပါ ခံစားရသည်။