Zawgyi
ရထားကအချိန်တော်တော်ကြာကြာစီးရမှာမို့ မနက်ပိုင်းစထွက်ရင် ညဘက်လောက်မှရောက်တဲ့အခါ ကားတစ်ဆင့်ထပ်စီးတာဘာညာနဲ့ အဆင်မပြေမှာစိုးတာမို့ ရိပေါ်တို့အဖွဲ့က ညဘက်ရထားစီးဖို့စီစဉ်ထားကြလေသည်။ နောက်ဆုံးထွက်တဲ့ရထားဆိုတော့ တစ်လမ်းလုံးအိပ်ပြီးလိုက်သွားကာ ယွင်နန်ကိုရောက်တဲ့အချိန် မိုးလင်းနေပြီမို့ သွားရလာရအဆင်ပြေလောက်မည်။
ဘူတာဆီကိုက ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားရမှာမို့ ရိပေါ်taxiငှါးပြီးသွားမှရမည်။ အထုတ်အပိုးတွေနဲ့ဆိုတော့ ဘတ်စ်ကားစီးလို့ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပေ။
အဝတ်အစားတွေထည့်ထားတဲ့ ကျောပိုးအိတ်ခပ်ကြီးကြီးကို အနောက်မှာလွယ်ကာ medical bagကိုညာဖက်ပခုံးပေါ်မှာထပ်လွယ်ထားရင်း လှေကားပေါ်ကဆင်းလာတော့ ကျဲကမီးဖိုချောင်ထဲက အပြေးအလွှားထွက်လာကာ
"သွားတော့မလို့လား ရှောင်းဝမ်...ကျဲက ရှောင်းဝမ်အတွက် အဆာပြေမုန့်လေးတွေထည့်ပေးလိုက်ချင်လို့။ ထမင်းစားဖို့ အချိန်မရတဲ့အခါ စားလို့ရအောင်လို့လေ"
"ရတယ်ကျဲ အဆင်ပြေသလိုစားလို့ရပါတယ်..."
ရိပေါ်ပြောတဲ့စကားကို ဆုံးအောင်နားမထောင်ပဲ ကျဲက'ခဏပဲစောင့်'ဆိုကာ မီးဖိုချောင်ထဲဝင်သွားပြန်တာမို့ ရိပေါ်ဧည့်ခန်းထဲမှာထိုင်ကာmedical bagထဲကequipmentsတွေ စုံ၊မစုံပြန်စစ်ကြည့်နေလိုက်သည်။ ခဏကြာတော့ ကျဲကlunch bagကိုကိုင်ကာ မီးဖိုချောင်ထဲက ထွက်လာလေသည်။
"ရှောင်းဝမ်ကြိုက်တဲ့ အရံဟင်းတစ်ချို့နဲ့ အဆာပြေမုန့်လေးတွေထည့်ပေးထားတယ်။ စားဖြစ်အောင်စားနော်"
ွှ
"ကျွန်တော်က သုံးရက်ပဲသွားမှာကို အဲ့လောက်မလိုပါဘူးကျဲရဲ့""ဖြစ်နိုင်ရင် ကျဲကဒီ့ထက်တောင်ပိုထည့်ပေးလိုက်ချင်တာ။ ရှောင်းဝမ်က ပစ္စည်းအများကြီးသယ်လို့မရဘူးဆိုလို့သာ.."