Unicode
အေးစက်နေတဲ့ လက်ဖျားတွေကို
အနွေးဓာတ် ရလို့ရညား ပွတ်သက်
နေမိတော့သည်။
အခန်းတွင်းက လေထုက အပြင်ကထက်
ပိုအေးနေသယောင် အေးစက်နေတဲ့လက်နဲ့
ခြားနားစွာ နှဖူးထက်မှာတော့ ခြွေပေါက်
အနည်းငယ် ရှိနေပြန်သည်။ဒါက..... ဟုတ်ပါတယ် ကြောက်နေတဲ့
လက္ခဏာတွေပါပဲ ~" Mr. Sean နော် "
" ဟုတ်ကဲ့ ဒေါက်တာ "
" ခံစားနေရတာတွေကို ပြောပြလို့ရပါပြီ "
" အခုတလော ဗိုက်က
တစ်ချက်တစ်ချက်အောင့်တယ်
စားပြီးရင်လည်း အစောမကြေသလို
ရင်ပြည့်ရင်ကယ်ဖြစ်တယ်။ ပျို့တာ
အန်တာတွေလည်း ဖြစ်တယ် ဒေါက်တာ"" အန်တာက တစ်နေ့ကို
ဘယ်နှကြိမ်လောက်ရှိလဲ Sean "" စားပြီးတိုင်းပဲ ဒေါက်တာ "
" ထမင်းစားရင်
ထမင်းအစေ့လိုက်တွေ
ပြန်အန်တတ်သလား "" ဟုတ်ကဲ့ "
သူ့အရှေ့ ဆုံလည်ကုလားထိုင်မှာ
ထိုင်နေတဲ့ဒေါက်တာကတော့
သူပြောသမျှကို တတောက်တောက်နဲ့
ကွန်ပျူတာမှာ လိုက်မှတ်နေသည်။" တခြား ဘာဖြစ်သေးလဲ Sean "
" အဲ့ဒါပါပဲ တခြားဘာပြဿနာမှ
မရှိပါဘူး ဒေါက်တာ "" ဗိုက်အောင့်တာကရော
ဘယ်အချိန်တွေအောင့်တတ်သလဲ Sean "" အစာ စားပြီးတဲ့အချိန်ပါ
တစ်ခါတစ်လေ ဆိုမစားဘဲ
စူးအောင့်တဲ့ အချိန်တွေရှိပါတယ် "" ဟုတ်ပါပြီ အရင်ဆုံး စစ်ဆေးမှုတွေ
လုပ်ကြည့် ကြရအောင် သွေးစစ်တာတွေ
နောက် CT Scan ရိုက်တာ လုပ်ရပါမယ်
Sean "" ဟုတ်ကဲ့ ဒေါက်တာ .... ဟို
ကျွန်တော်ဖြစ်နေတာတွေက ဘာဖြစ်လို့လဲ
ဒေါက်တာ "ရှောင်းကျန့် စိုးရိမ်စွာမေးလိုက်မိသည်။
စိတ်ထဲကလည်း သူထင်ထားတာတွေ
မဟုတ်ဖို့သာ တိတ်တဆိတ်ဆုတောင်း
နေမိတော့သည်။" လက္ခဏာတွေ အရဆိုရင်တော့
Oesophagus နဲ့ Stomach မှာ
ပြဿနာ တစ်ခုခုဖြစ်နေပါတယ်။
အဲ့နေရာတွေမှာ အကျိတ်ရှိနေတာ
ဒါမှမဟုတ် အလုပ်မလုပ်တော့တဲ့အခါမှာ
အခုလိုတွေ ဖြစ်တာပါ အကျိတ် ရှိမရှိ
ဆိုတာကတော့ CT scan ရိုက်ကြည့်မှ
သိရပါမယ် Sean