17 Unicode

8.6K 671 13
                                    

အသက်အတွက် နောက်ထပ် ကံကောင်းတာ
တစ်ခုက ယခုတာဝန်ယူပေးမယ့် အစာအိမ်နဲ့
အူလမ်းကြောင်းခွဲစိတ်ဆရာဝန်ကြီးက
ဒေါက်တာ ဒန်းနစ်နဲ့ America မှာ
Ph.D အတူတူ ယူခဲ့ကြတဲ့ လူတွေ ဖြစ်နေကြတယ်။
သူတို့နှစ်ယောက်က ရှောင်းကျန့် အတွက်
သေသေချာချာဆွေးနွေးဖြစ်ခဲ့ ကြတယ်
လို့ ပြောတယ်။ ကင်ဆာ အထူးကုဆရာဝန်ကြီး
ကတော့ အတွေ့အကြုံတော်တော်များများ
ရှိထားတဲ့ ကျိုးချန်ရဲ့ စီနီယာကြီး
ဖြစ်နေတာ​ကြောင့် စိတ်ပူစရာတော့ ရှိမနေခဲ့။

ရှောင်းကျန့်ကိုတော့ ဆရာဝန်ကြီးတွေ
တော်တော်များများက အားရကြသည်။
အသက်ငယ်​သေးတာကြောင့်ရော
ပြီးတော့ ရောဂါကို စောစော သိရှိနိုင်
လိုက်တာကြောင့်ရော၊ နောက်အရေးကြီးဆုံးက
ဘေးမှာ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်
ပေးမယ့် ရိပေါ်ရှိတာကြောင့်ရော ဖြစ်တယ်
လို့ ပြောပြီး ဟာသနှောကြတော့ ရှက်နေရ
တာက ရိပေါ့်ရဲ့ အသက်ကလေး။
ဆရာဝန်ကြီးတွေ ရှေ့တောင် မထိန်းချုပ်
နိုင်လောက်အောင် လှလွန်းလို့ ငေးမိပါတယ်။

ဆေးရုံအုပ်ကြီးရဲ့ VVIP ဖြစ်နေတာကြောင့်
သူတို့လာကြတော့ ဆရာဝန်ကြီးတွေအကုန်လုံးနဲ့
တစ်ပြိုင်တည်းတွေ့ခွင့်ရခဲ့သည်။ အားလုံးကတော့
အစွမ်းကုန် ကြိုးစားသွားကြရအောင်ဆိုပြီး
အားပေးကြတော့ ရှောင်းကျန့်အတွက်
အားတွေ ဖြစ်နေမယ်ဆိုတာ ရိပေါ်သိပါတယ်။

အန်ကယ်ကျိုးကလည်း ရှောင်းကျန့်
အတွက် အရင်တစ်ခေါက် တတ်ခဲ့တဲ့အခန်းကို
ဘယ်သူမှမတင်ဘဲ ချန်ပေးမည် ပြောသည်။
အဲ့အထပ်မှာ ကျတဲ့ ဆရာဝန်တွေနဲ့ ဆရာမတွေ
နဲ့က တအား ခင်နေကြတာ သိလို့ဖြစ်
ပေလိမ့်မည်။

သူ့အသက်လေး အတွက် အဘက်ဘက်က
အသေးအမွှားလေးကအစ စိတ်အနှောက်
အယှက်မရှိအောင် စီစဥ်ပေးတဲ့ အန်ကယ်ကျိုး
ကို ကျေးဇူးလည်းတင်ရပါတယ်။

" ကဲ ရှောင်းကျန့် ဘာမှ စိတ်ဓာတ်
မကျနဲ့ ဟုတ်ပြီလား ဒီရောဂါကြီးကို
အတူတူ ကျော်ဖြတ်လိုက်ကြရအောင် "

ကင်ဆာ အထူးကုဆရာဝန်ကြီးက
ကင်ဆာဆရာဝန် ပီသပါပေတယ်။ လူနာကို
ဘယ်လို စိတ်ခွန်အားတက်အောင် လုပ်ရမလဲ
သိသလို စကားပြောလည်း အလွန်ကောင်းသည်။

No One But You ( Completed ) Where stories live. Discover now