ရိပေါ်မှ ရှောင်းကျန့် နိုးသွားမှာ
ကြောက်တာကြောင့်
ငိုချင်နေပေမယ့် မျက်ရည်တွေ
အတင်းထိန်းထားရသည်။
နဂိုကမှ ဝမ်းနည်းနေတဲ့ ရှောင်းကျန့်ကို
သူ့မျက်ရည်တွေ ထပ်မမြင်စေချင်တော့
သူ့ကြောင့် ထပ်မနာကျငစေချင်တော့ပါ။ရှောင်းကျန့် လုံးဝအိပ်ပျော်သွားမှ
နိုးလာရင်စားဖို့ တစ်ခုခုလုပ်ရန် အောက်ကို
ဆင်းခဲ့တော့သည်။ရိပေါ် အောက်ကို ဆင်းလာတော့
ဧည့်ခန်းထဲမှာ ရီသံတွေ ဆူညံနေတာကြောင့်
ပြုံးမိသွားတယ်။ သူတို့အိမ်မှာ
ဒီလို သာသာယာယာမရှိတာ ဘယ်လောက်
ကြာနေပြီလဲ။ ရိပေါ် အိမ်ကထွက်သွားကတည်းက
အိမ်မပြန်ဖြစ်တာ ရှောင်းကျန့် နဲ့သူ
ဝေးနေတဲ့ ကာလတစ်ခုလုံးပဲ။
အလုပ်တွေထဲပဲ ကိုယ့်ကိုယ်ကို နှစ်ပြစ်လိုက်ကာ
အားချိန်ပင်မရခဲ့။ရိပေါ် ငိုထားတဲ့ မျက်လုံးတွေက
ရဲနေတာကြောင့် အကုန်လုံးက
စိုးရိမ်နေတဲ့ပုံ။ အငယ်ကောင်က
အလိုက်သိစွာ သားငယ်ကို မုန့်သွားစားကြမယ်
ဆိုပြီး ခေါ်ထုတ်သွားသည်။ချင်းချင်းကတော့ ဘယ်အချိန်က
ပြန်သွားသည်လည်း မသိ။
ချင်းချင်းက ပြောရမယ်ဆိုရင်
သူကျေးဇူးတင်ရမယ့် မိန်းကလေးပါ
ဒီလိုမျိုးကိစ္စကို တော်ယုံနဲ့ ကျေအေးပေးဖို့
ဆိုတာ သာမာန် မိန်းကလေးဆို လုပ်နိုင်မှာ
မဟုတ်ဘူး။" သား ထိုင်ပါအုံး ရှောင်းကျန့်က
ဘယ်လိုဖြစ်တာလဲ မြေးလေးပြောတော့
နေမကောင်းဖြစ်နေတာ ကြာပြီဆို "ရိပေါ် ထပ်မံ ကျဆင်းလာတဲ့ မျက်ရည်တွေကို
လက်ခုံနဲ့ ခပ်ကြမ်းကြမ်းသုတ်လိုက်မိတယ်။
ရိပေါ်ဆိုတာ အသက်အရွယ် ရလာပြီး
နောက်ပိုင်း တစ်ခါမှသူတို့ရှေ့မှာ
ငိုဖူးတာမဟုတ်တော့အားလုံးက
အံ့သြစွာကြည့်နေကြသည်။
ရိပေါ်လည်း မရှက်နိုင်တော့ပါ
ရှောင်းကျန့် အရှေ့သာ မျက်ရည်တွေ
ထိန်းနိုင်ရင် ရပြီ။မားမားတောင် မျက်လုံးတွေပြူးပြီး
စိတ်လှုပ်ရှားနေတာပဲ။
ရိပေါ် ပြောဖို့ တော်တော်တောင်
အားယူလိုက်ရတယ်။ ဒီကိစ္စတွေကို သူ
စဥ်းစားဖို့တောင်မရဲဘူး။ ပြောမထွက်ဘူး
ဆိုတာ မဆန်းပါဘူး။