ဒီနေ့က ဆေးစသွင်းရမယ့်နေ့။
သားကို ရိပေါ်ကျောင်းပို့ပြီးတာနဲ့
ပြန်လာကာရှောင်းကျန့်အတွက်
လိုအပ်တဲ့ ပစ္စည်းတွေ ထမင်းဟင်းတွေ ထည့်ကာ
ဆေးရုံသွားဖို့ ပြင်ရတယ်။
ရှောင်းကျန့်ကို အပြင်စာတွေကျွေးလို့
မဖြစ်ဘူး။မနေ့က သူဝယ်ပေးထားတဲ့
အဖြူရောင် ချည်သားလက်ရှည်လေးနဲ့
အညိုရောင် ချည်သားဘောင်ဘီအပွ
လေးကို ဝတ်ထားတဲ့ ရှောင်းကျန့်က
ချစ်စရာကောင်းတာထက်ကို ပိုနေတော့သည်။" သွားကြစို့လေ "
" အင်း "
ကားမောင်းနေရင်း ပေါင်ပေါ်တင်
ထားတဲ့ လက်လေးတစ်ဖက်ကို
ဆုပ်ကိုင်မိတော့ သူ့ကို ကြည့်ကာ
ပြုံးပြလာတယ်။
သူအဆင်ပြေပါတယ်ပေါ့လေ။
ဒါပေမယ့် ရှောင်းကျန့် အဆင်မပြေ
ဖြစ်နေတာ ရိပေါ်သိတာပေါ့။
ဒီလူသားလေးက ဘယ်တော့များမှ
သူ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း
ပြောပြမည်နည်း။ရိပေါ် ကြိုးစားမှာပါ သူ့အပေါ် ရှောင်းကျန့်
စိတ်လွတ်လက်လွတ်နဲ့ ထိန်းချုပ်ထားတာတွေ
မရှိတဲ့အထိ ဆက်ဆံလာအောင် ရိပေါ်
ကြိုးစားမှာပါ။" Mr. Sean 305 အခန်းထဲမှာ
ခဏ စောင့်ပေးပါနော် ကျွန်မတို့ ဆေးသွင်းဖို့
လာခဲ့ပါ့မယ်။ "" ဟုတ်ကဲ့ "
သွေးအဖြေတွေက အားလုံး
ကောင်းတာကြောင့် ဆေးသွင်းဖို့
ရှောင်းကျန့်က အဆင်သင့်ဖြစ်
နေခဲ့တယ်။ဆေးမသွင်းခင်ကတည်းက
ပျို့အန်တာတွေဖြစ်နေတဲ့ရှောင်းကျန့်က
ဆေးသွင်းရမှာ နည်းနည်း ကြောက်နေတာကို
ရိပေါ်သိပါတယ်။သူလည်း စားသမျှအန်နေတာတွေကို
စိတ်ရှုပ်နေမှာပေါ့။ ဒီကြားထဲ
သားသိမှာ စိုးရိမ်တာကြောင့်
ဝေဒနါတွေကို ချုပ်တီးထားရတဲ့
အချိန်တွေကလည်းရှိနေတာကိုး။ကုတင်ပေါ် လှဲနေတဲ့ ရှောင်းကျန့်
လက်ကို ကိုင်ကြည့်လိုက်တော့
အေးစက်နေသည်။
နေဖူးပေါ်က ဆံပင်လေးတွေကို
သပ်တင်ပေးပြီး ရှောင်းကျန့်
လက်ကို လက်နှစ်ဖက်နဲ့ နွေးသွားအောင်
ဆုပ်ကိုင်ထားပေးလိုက်တယ်။