နောက်နေ့ မနက်တော့ အအန်ပျောက်ဆေးထိုးပြီး
အားဆေးချိတ်ထားလို့လားမသိ ရှောင်းကျန့်က
လုံးဝမအန်သေးပါ။
အဲ့ဒါကြောင့် ယောဂ ဆရာမကို လာခဲ့ဖို့ ဖုန်းဆက်
လှမ်းခေါ်ရပါတယ်။ ဆေးရုံမှာလည်း အားဆေး
သွင်းပြီး လေ့ကျင့်လို့ရတယ်တဲ့ ဆရာကြီးက
မှာခဲ့တယ်။ခဏနေ ယောဂ ဆရာမ ရောက်လာတာ
ကြောင့် ဆေးကို ခဏရပ်ပေးဖို့ ဆရာမကို
လှမ်းပြီး အကူအညီတောင်းတော့ လာဖြုတ်
ပေးသွားတယ်။" ကျေးဇူးပါ ဆရာမ "
" ရပါတယ် ပြီးတဲ့ အချိန်ပြောလေနော်
ရှောင်းကျန့် Fighting နော်! "" ဟုတ်ကဲ့ ဗျ "
ဆရာမ အားပေးသွားတော့လည်း
ရှောင်းကျန့်က ယဥ်ယဥ်ကျေးကျေးပြန်ပြော
နေသေးတယ်။ သူ့ရဲ့အသက်က ဘယ်လောက်
ခင်ခင် ဆရာဝန် ဆရာမတွေကိုတော့
ရင်းနှီးတဲ့ အသုံးအနှုန်းတွေ မသုံးတတ်ပဲ
ယဥ်ကျေးစွာပဲ အမြဲ ပြန်ပြောတတ်တယ်။
တကယ့်ကို လူ့အဖိုးတန်လေး။ယောဂ ကို ဆေးမသွင်းခင် တစ်ပတ်က
တစ်နာရီလောက်လုပ်နိုင်ပေမယ့်
အခုတော့ အသက်က နာရီဝက်လောက်ပဲ
လုပ်ပြီး ပင်ပန်းနေတာကြောင့် နားခိုင်းလိုက်
ရတယ်။" အဲ့ဒါဆို တစ်နေ့ နာရီဝက်လောက်ပဲ
လုပ်ကြတာပေါ့ "ရိပေါ်လည်း ဆရာမကို နောက်နေ့ အဆင်ပြေမှပဲ
ဖုန်းဆက်ခေါ်ပါ့မယ်လို့ ပြောပြီး အသက်ကို
ကုတင်ပေါ် ပြန်နားခိုင်းရတယ်။" ခဏနေ ကျိုးချန်လာမယ်ပြောတယ်
ဘာလိုသေးလဲ ဖုန်းဆက်လှမ်းမေးတာ "" ဒီမှာ ရှောင်းကျန့်ရဲ့ အမျိုးသားတစ်ယောက်
လုံးရှိတယ်လေ ဘာလိုအပ်ရမှာလဲ "" ဟုတ်ပါတယ် ရိပေါ်ရယ် လူမှုရေးအရပေါ့ "
" ဟုတ်ပါပြီ ကျွန်တော်က စတာ
သူလာရင် အေးအေးဆေးဆေး စကားပြောကြ
လေ အပြင် လိုအပ်တာလေးတွေ သွားဝယ်
လိုက်အုံးမယ် "ရိပေါ်က လိုအပ်တာဆိုတာ မရှိသမျှ
မားမားက စီစဥ်ပေးထားပေမယ့် ရှောင်းကျန့်တို့
အေးအေးဆေးဆေး စကားပြောလို့ရအောင်
ရှောင်ပေးခြင်းဖြစ်သည်။
မတွေ့ရတာ ကြာတဲ့ သူငယ်ချင်းတွေ
စကားတွေ ဘာတွေ ပြောချင်ရှာမှာပေါ့။
သူရှိတော့ လွတ်လွတ်လပ်လပ်နဲ့ မပြော
ရမှာ စိုးရိမ်ပါတယ်။