ရှောင်းကျန့်တို့ လက်ထပ်ပွဲလေး
ပြီးသွားတဲ့ နောက်မှာတော့ ရွန်က
တစ်ပတ်လောက်နေပြီး ပြန်သွား
ခဲ့သည်။ ရှောင်းကျန့် အတွက် ဝမ်းသာကြောင်း
ကိုလည်း ထပ်ခါ ထပ်ခါ ပြောနေသေးသည်။
သားကလည်း ရွန်နဲ့ တွေ့ရတော့ အရမ်းကို
ေပျာ်နေတာ။ နောက်မှာ ဖလော်ရီဒါကို
ထပ်လာခဲ့ဖို့လည်း ရွန်က တဖွဖွမှာနေသေးတယ်။ရှောင်းကျန့်တို့လည်း Honeymoonရော
အလုပ်လည်း ပြီးမြောက်ဖို့ရော ပြီးတော့
ခွဲစိတ်ထားတဲ့ ရှောင်းကျန့် လေကောင်း
လေသန့်ရပြီး အေးအေးဆေးဆေး
အနားယူနိုင်အောင် ရိပေါ်ရဲ့ Hotel project ရှိတဲ့
ကမ်းခြေကိုသာ သူတို့ သားအဖ
သုံးယောက်အလည် ထွက်ခဲ့ကြသည်။Hotel လေးက ရုပ်လုံးပေါ်ပြီး
ပြီးတော့မှာဖြစ်သည်။ အတွင်း Design
တွေပဲ လုပ်ရန် ကျန်တော့တာဖြစ်သည်။
ဖြစ်ချင်တော့ အတွင်း Dessign ကို ဘယ်သူ့ဆီမှ
မအပ်ရသေးတာကြောင့် ရှောင်းကျန့်က
သူဆွဲဖို့ ရိပေါ့်ကို တောင်းဆိုလိုက်မိတယ်။
ဒါပေမယ့် ရိပေါ်က လုံးဝခွင့်ပြုမပေး
နောက်ထပ် ဆေးလေးကြိမ်သွင်းရအုံးမှာမို့
ပင်းပန်မှာ သိနေတာကြောင့် ဖြစ်သည်။" စိတ်အပြောင်းအလဲလေး ဖြစ်တာပေါ့
ရိပေါ်ရယ် နော် ငါလုပ်ပေး ချင်လို့ပါ "" မဖြစ်ပါဘူး အသက်ရယ် ကင်ဆာ
ဆရာကြီးက ပြောတယ်လေ နောက် ကျန်တဲ့
လေးကြိမ်က ဆေးပြောင်းမှာ အဲ့ဆေးက
တစ်ကိုယ်လုံး ကိုက်ခဲနေတတ်တယ် အဆစ်
တွေလည်း ကိုက်နေမှာ အဲ့ကျရင် အသက်က
ပင်ပန်းနေပါတယ်ဆို ဒီအလုပ်ပါ လုပ်မယ်ဆိုရင်
ပိုဆိုးမှာပေါ့ "" အဲ့ဒါဆို ဆရာကြီးကို မေးပေး သူလုပ်ခွင့်ပြုရင်
မင်လည်း လုပ်ခွင့်ပေးရမယ် "ရှောင်းကျန့်က ခေါင်းမာမာနှင့်ကို တောင်း
ဆိုနေမိတာ ဖြစ်သည်။ ဘာကြောင့်လည်းဆိုရင်
ဒီတစ်ခုတော့ ရိပေါ့်ကို လက်ဆောင်ပေးချင်
တာကြောင့် ဖြစ်သည်။ အမြဲတမ်းသူ့အတွက်
လိုလေသေးမရှိအောင် လုပ်ပေးတတ်တဲ့
သူ့အမျိုးသားလေးကို သူက လက်ဆောင်
ပြန်ပေးချင်သည်။ရှောင်းကျန့်ရဲ့ အတင်းတောင်းဆိုမှုကြောင့်
အဲ့နေ့ညတင် ဆရာကြီးဆီ ဖုန်းဆက်ပြီး
အကျိိုးကြောင်းပြောပြတော့ ဆရာကြီးကလည်း
စိတ်အပြောင်းအလဲလေး ဖြစ်အောင်
လုပ်တာ ကောင်းပါတယ်ဟုပြောတဲ့အခါ ရိပေါ်လည်း
ငြင်းလို့မရတော့ ခွင့်ပြုပေးခဲ့ရသည်။