6 Unicode

11.6K 845 32
                                    





ရုတ်တရက် ဆန်စွာ လက်မှတ်ထိုးရတယ်လို့
ထင်ထားပေမယ့် ရိပေါ်က ဘယ်ကတည်းက
စီစဥ်ထားသည်မသိ အားလုံးက အစီစဥ်တကျ

အသိသက်သေများကတော့ ရှောင်းကျန့်ရဲ့
Company က စည်းကမ်းတင်းကျပ်
လွန်းတဲ့ Manager ကြီးတောင်ပါသေးတယ်။

ဋ္ဌာနထဲမှာ ရှိတဲ့ ၈ယောက်လုံးက သူတို့
နှစ်ယောက်ကို လိုက် ဂုဏ်ပြုပေးတယ်။
ရှောင်းကျန့်ကတော့ ပျော်လွန်းလို့
ငိုချင်နေတာကို မနည်းထိန်းချုပ်နေရတယ်။

သားကိုတော့ အသိမပေးတော့ပဲ
ကျောင်းကို ညနေမှ ခွင့်တိုင်ဖို့လုပ်ရင်းနဲ့
နှစ်ယောက်သား သွားဖို့ စီစဥ်ထားတယ်။

ဋ္ဌာနထဲက လူတွေကို နေ့လည်စာ
လိုက်ကျွေးတော့လည်း Hotel တစ်ခုမှာ
Booking ကအစ လုပ်ထားပြီးသား။
ရှောင်းကျန့် အပေါ်ဂရုစိုက်မှုတွေအထင်းသား
မြင်နေရတဲ့ ဋ္ဌာနကလူတွေကတော့
ရှောင်းကျန့်ကို ဂုဏ်ပြုပေးကြတယ်။

ရွန်ကဆိုရင် သူ့အတွက်ဝမ်းသာလို့ဆိုပြီး
ဂုဏ်ပြုစကားတွေ အများကြီး ပြောပြီး
ငိုတောင် ငိုနေသေးတယ်။

ရှောင်းကျန့်လည်း ငိုမိပါသေးတယ်။
ကိုယ့်အခက်အခဲတွေအားလုံးရင်ဖွင့်ဖော်လေးက
ငိုတော့ ထိန်မထားနိုင်ဘူး။
ရိပေါ်ကတော့ ရှောင်းကျန့် ပုခုံးကိုဖက်လို့
ကျသမျှမျက်ရည် အသာယာ သုတ်ပေးတယ်။

" နင့်အတွက် ပျော်စရာအချိန်တွေ
ရောက်လာပြီ ရှောင်းကျန့် တစ်ဆုံးပျော်ပြစ်လိုက်! "

" ငါ့အနားအမြဲရှိနေပေးခဲ့တဲ့အတွက်
ကျေးဇူး ရွန် "

" You're Welcome! "

အရင်က ရှောင်းကျန့်ကို စိတ်ရှုပ်စရာလို့
မြင်နေတဲ့ ကောင်လေးက အခု
သူ့အတွက် လိုအပ်ချက်ဆိုတာ မရှိရအောင်
ဖြည့်ဆည်းပေးနေပြန်တော့ ရှောင်းကျန့်မှာ
မယုံနိုင်ဖြစ်နေရသေးတယ်။







တရုတ်ကိုပြန်မယ့် Flight က
မနက်ဖြန် မနက်ဖြစ်တာကြောင့်
ရိပေါ်ကတော့ သူနားဖို့ကိုလောနေတော့သည်။
အခုက သူလည်းအရမ်းကြီး ပင်ပန်းနေတာ
မဟုတ်ပါဘူး။

No One But You ( Completed ) Where stories live. Discover now