ရှောင်းကျန့် လေဆိပ်မှာ စောင့်နေရင်း
လက်ဖျားတို့က အေးစက်နေသည်။
၆နှစ်တောင် မတွေ့တာကြာပြီဖြစ်တဲ့
လူတစ်ယောက်ကို အခုပြန်တွေ့ဖို့ရာ
သူအဆင်သင့်မဖြစ်သေးသလို
ဘယ်တော့မှ တွေ့ဖို့လည်း မစဥ်းစား
ထားတာကြောင့် ဒူးတွေတောင် တုန်ချင်
နေသည်။ရိပေါ်က ရှောင်းကျန့် အပေါ် အဲ့လောက်ထိ
လွှမ်းမိုးနိုင်ပါသည်။အမှန်တကယ်တော့ ရှောင်းကျန့်က
ရိပေါ့်ဆီက တုန့်ပြန်မှုကို ကြောက်နေခဲ့တာပါ။
သူပြောပြလိုက်တဲ့ အရာတွေအားလုံးသာ
ရီပေါ် သိသွားခဲ့ရင် သူ့ကို ဘယ်လိုများ
တုန့်ပြန်မလဲ ဆိုတာ တွေးကြည့်ရင်း
သူကြောက်နေခဲ့တာပင်။ရှောင်းကျန့်က လွန်ခဲ့တဲ့ ၆နှစ်ကကတည်းက
ရိပေါ့်ကို ကြောက်လည်းကြောက်သလို
အရမ်းလည်း ချစ်ခဲ့ရတဲ့သူဖြစ်သည်။
နာကျင်တဲ့ ဒဏ်ကို မခံစားနိုင်တာကြောင့်
အဝေးကို ထွက်ပြေးဖို့သာသူဆုံးဖြတ်ခဲ့တာ
ဖြစ်ပါလိမ့်မည်။အခုတော့လည်း သူကိုယ်တိုင် ရိပေါ်ကို
ပြန်ဆက်သွယ်ရပြန်တယ်။ ဘဝကြီးက
တခါတလေ ကိုယ်စီစဥ်ထားတဲ့အတိုင်း
မဖြစ်ပဲ ကမောက်ကမတွေပဲ ဖြစ်နေ
တော့တာပါပဲ။ရွှန်ပြောသလိုပါပဲ ' That's life '
မထင်မှတ်ထားတာတွေနဲ့ အမြဲတမ်း
စိန်ခေါ်နေတတ်တာ ဘဝပဲ။တွေ့ပါပြီ အနက်ရောင် ဂျင်းဂျက်ကပ်
အနက်ရောင်ဘောင်းဘီခပ် ပွပွဝတ်ထားတဲ့
ရိပေါ်က အရင် ၆နှစ်တုန်းကလို
သေးသေးကွေးကွေးကောင်လေး
မဟုတ်တော့ဘူး။ ရင်အုပ်ကျယ်ကျယ်နဲ့
အရပ်ရှည်ရှည်ကောင်လေးတစ်ယောက်
ကြည့်ကောင်းတဲ့ အမျိုးသားတစ်ယောက်
အဖြစ်ကို ကူးပြောင်းနေပါပြီ။ရှောင်းကျန့် လက်လှမ်းပြလိုက်တော့
သူ့ဆီ မျက်နှာထားတင်းတင်းနဲ့လျှောက်လာတဲ့
ရိပေါ့်ကြောင့် ရင်ထဲမှာ မောဟိုက်လာသလိုပဲ
သူကြောက်တယ် ရိပေါ့်ကိုသူကြောက်နေတုန်းပါ။
အရင်တုန်းက စိတ်မထင်ရင် မထင်သလို
အော်တတ်တဲ့ရိပေါ်ကြောင့် အမှားလုပ်ပြီးရင်
ကြောက်နေသလိုမျိုးကို သူကြောက်နေတာပါ။