နောက်နေ့မနက် ရှောင်းကျန့်
နိုးလာတော့ ရိပေါ် ရင်ခွင်ထဲမှာ မဟုတ်။
အခန်းထဲမျက်လုံးဝေ့ပြီး ကြည့်မိတော့
ဆိုဖာမှာ ထိုင်နေတဲ့ ပါးပါးကိုမြင်မှ
ရုတ်တရက် ထထိုင်လိုက်မိသည်။" သားကြီးရာ ဖြေးဖြေးထမှပေါ့
ခေါင်းတွေ ဘာတွေ မူးနေပါ့မယ် "ကိုယ့် အပြစ်ဆိုတော့ ပါးပါးကို သွားသာ
ရီသာ ပြလိုက်ရသည်။ပါးပါးက ထိုင်ရာကနေ ထလာပြီး သူ့ခေါင်းကို
ဖွပြစ်လိုက်တယ်။ ပါးပါးက သူ့ဆိုရင် သူ့သား
တွေ ထက်တောင် ရင်းရင်းနှီးနှီး ဆက်ဆံတတ်ပြီး
သူ့သားတွေက ကျားကိုးစီးစားမကုန်တဲ့
အားကောင်းမောင်းသန်တွေ ရှောင်းကျန့်ကို
ကျတော့ ချစ်စရာ ကောင်းတယ်လို့လည်း
အမြဲ ပြောတတ်သေးတယ်။အဲ့လို အဆက်ဆံ ခံရတော့ ပိုပျော်တဲ့လူက
ရှောင်းကျန့်ပါ။ ပါးပါး ရှိတုန်းကတောင်မှ
ပါးပါးက သူ့ကို အဲ့လို မဆက်ဆံခဲ့ဖူးပါဘူး။
သားအဖ နှစ်ယောက် လိုတာထက် စကား
ပိုမပြောဖြစ်ကြသလို တီတီတာတာလည်း
ပါးပါးကို မပြောဖြစ်ခဲ့ပါ။" ပါးပါး ရိပေါ်ရော "
" သားက Hotel မှာ အရေးကြီး
တွေ့ရမယ့်လူ ရောက်နေလို့တဲ့ သားကြီးကို
ပါးပဲ အိမ်ပြန် ခေါ်သွားပေးမှာ "ရှောင်းကျန့်က သူ့ကို ပြောမသွားတဲ့
ရိပေါ်ကြောင့် နည်းနည်း စိုးရိမ်သွားရတယ်။
သူနိုးအောင်တောင် မစောင့်နိုင်ဘဲ သွားတွေ့တာ
ဆိုတော့ ပြဿနာများ တစ်ခုခုဖြစ်နေသလား။" ပါးပါး ပြဿနာ ဖြစ်တာတော့ မဟုတ်ပါဘူးနော် "
" ဟားဟား မဟုတ်ပါဘူးကွာ ဒီအတိုင်း
ဧည့်သည်ပါပဲ။ သား မျက်နှာသစ်တော့လေ
ပါးတို့ ပြန်ကြမယ် "ရှောင်းကျန့်က ပါးပါး မစောင့်ရအောင်
အလျင်အမြန်ပဲ မျက်နှာသစ် သွားတိုက်ခြင်းကို
ပြုလုပ်ရတယ်။ ခွဲစိတ်ပြီး ဒါဟာ ပထမဆုံး
ကိုယ့်ဟာကိုယ် မျက်နှာ သစ်ခြင်းပါပဲ။
နေ့တိုင်း ရိပေါ်ကပဲ ရှောင်းကျန့် ဝေယျာဝစ္စ
အကုန်လုံးကို လုပ်ပေးလွန်းလို့ ရှောင်းကျန့်က
အားနာရတဲ့ အထိ။ ဘာပဲဖြစ်ဖြစ်
ရိပေါ် အဲ့လိုတွေလုပ်ပေးတာ အားလည်း နာသလို
မလုပ်ပေးစေချင်ပါ။