Don't read under 18 and who don't like sexual contents between
Wang Yibo & Xiao Zhan" အသက် !! "
အနက်ရောင်ညအိပ်ဝတ်စုံပိုးသားအိအိကြောင့်
ခန္ဓာကိုယ်ကောက်ကြောင်းတွေပါ အထင်းသား
မြင်နေရသည်။ ရေချိုးခန်းထဲဝင်ပြီး
အင်းကျီ လဲတာတော်တော်နဲ့ ထွက်မလာလို့
အပေါက်ဝကို လှမ်းကြည့်မိတော့မှ
အပေါက်မှာတင် ရပ်နေပြီး သူ့ကို ကြည့်နေတဲ့
အသက်ကို တွေ့လိုက်ရသည်။ရှောင်းကျန့် ကြည့်နေတဲ့ မျက်ဝန်းတွေကို
ရိပေါ်က နားလည်သည့်အလား။" အသက်ရယ်.... "
သူ့ဆီ ဖြည်းဖြည်းချင်း လှမ်းလာနေတဲ့
အသက်က လှလွန်းလို့ငေးကြည့်နေမိသည်။
ဒီအချိန် သူ့အသက် ရှောင်းကျန့်က
အသက်ဝိဉာဥ်ကို စားတဲ့ နတ်ဆိုးလေး
ဖြစ်နေပြီး သူ့အသက်ကို နှုတ်ယူ
သွားရင်တောင် သူသိလိုက်မည်မဟုတ်။
မျက်တောင်ခက်ရမည်ကို နှမျော
နေမိသည်။ဖြူဖွေးနေတဲ့လည်တိုင်လေးတွေ
ပိန်လွန်းတာကြောင့် ထင်းနေတဲ့ ညှပ်ရိုးလေးတွေက
အနက်ရောင် ပိုးသားကြား မပွင့်တပွင့်မြင်နေတာကိုပင်
ဆွဲဆောင်မှု ရှိလွန်းလို့ ခပ်ဖွဖွလေးကိုက်
ပြစ်လိုက်ချင်သည် အထိဆွဲဆောင်နေသည်။" ရိပေါ် "
" အသက် ကိုယ် "
" ရိပေါ့် စိတ်တိုင်းကျ ..... "
" ရှူး... "
ပန်းရောင်းသန်းနေပြီး ရူးသွားဖို့လုံလောက်တဲ့
နှုတ်ခမ်းပါးလေးတွေပေါ် သူ့လက်ညှိုးတစ်ချောင်းနဲ့
နှုတ်ဆိတ်စေလိုက်တယ်။
သူသိတယ် ထပ်ထွက်လာမယ့် စကားတွေကို
သူသိနေတယ်။
ဒါပေမယ့် သူက ဘယ်လိုလုပ်ပြီး ရှောင်းကျန့်ကို
အဲ့လို ဆက်ဆံနိုင်မှာတဲ့လဲ။