15 Unicode

9.4K 688 12
                                    

ခေါင်းတွေလည်း မူးဝေလို့
လှုပ်တောင်မလှုပ်ချင် ဒါပေမယ့်
ရင်ဘက်ထဲက ပျို့တတ်လာတဲ့ ခံစား
ချက်နှင့်အတူ ထွေးခံကို ပိုက်လို့
အန်ချမိလိုက်သည်။

" ဝေါ့!!!''

ထွေးခံတောင် အဝေးကို မထား
နိုင်တော့ ပိုက်လျက်ပဲ ကုတင်ခေါင်းရင်းကို
မှီလို့ ထိုင်နေမိသည်။ ဒီခံစားချက်က
ရှောင်းကျန့် အတွက် ထူးထူးဆန်းဆန်း
မဟုတ်ပေမယ့်လည်း ဒီလောက်ကြီး
ဆိုးဝါးတာမျိုး မခံစားဖူးသေးပေ။

" အသက် ရရဲ့လားကွာ
ကိုယ်အရမ်း စိုးရိမ်လာပြီ
ဆေးရုံသွားကြရအောင်နော် "

ရိပေါ်က ရေဘူးကို ရေဖြည့်ပြီး
အခန်းထဲ ပြန်ဝင်လာတော့
ရှောင်းကျန့် ပုံကို ကြည့်ပြီး
မချိတင်ကဲ ရေရွတ်မိသည်။

သူဘယ်လိုမှ မနေသာတော့
မနေ့က ဆေးသွင်းလာတော့အကောင်း
ဒီနေ့ မနက်ရောက်တာနဲ့ အန်ပဲအန်
နေတော့တာ။ ဘာမှလည်း မစားနိုင်
ရေဘဲ သောက်နိုင်တယ်။

ဒေါက်တာ ဂျော်ဒန်ကို ဖုန်းဆက်တော့
ဒါမျိုးက ဖြစ်လေ့ ဖြစ်ထရှိပါတယ်။
အစားလုံးဝ မဝင်ရင်တော့ ဆေးရုံ
လာခဲ့ပါလို့တော့ ပြောသည်။
အရင်ပေးထားတဲ့ အအန်ပျောက်ဆေး
တွေနဲ့လည်း လုံးဝမသက်သာတော့ပါ။
ဆေးသောက်တုန်း ခဏသာ သက်
သာပါသည်။

" အသက်ရယ် "

" စိတ်မကောင်းမဖြစ်နဲ့ ဒါက
ဆေးရဲ့ Side Effect တစ်ခုပါပဲ "

ကိုယ်မျက်စိရှေ့မှာ ဒီလောက်တောင်
ဖြစ်နေတာကို ရိပေါ်က ဘယ်လို စိတ်နဲ့
နေနိုင်မှာတဲ့လဲ။နေ့လည်သောက်ရမယ့်
အအန်ပျောက်ဆေးနဲ့ ရေနည်းနည်းတိုက်ပြီး
တစ်ရှူးနဲ့ နှုတ်ခမ်းကို သုတ်ပေးလိုက်တယ်။
လက်ထဲက ထွေးခံကို ယူကာ ဘေးက
စားပွဲပေါ် တင်ပေးလိုက်ရတယ်။

ရောဂါ ခံစားနေရတဲ့လူကို
ကိုယ့်ကိုပြန်ပြီး စိတ်မကောင်း
ဖြစ်နေရတာမျိုး မဖြစ်စေချင်တာကြောင့်
ရိပေါ် စိတ်ကိုသာ တင်းထားရသည်။
အန်ရလွန်းလို့ ပင်ပန်းနေတဲ့ မျက်နှာ
လေးကို ငေးကြည့်နေမိတော့သည်။

ကိုယ် အရမ်သနားလွန်းလို့
ဘယ်လို လုပ်ရမလဲ အသက်ရယ်။

" ဒေါက် ဒေါက်! "

No One But You ( Completed ) Where stories live. Discover now