မနက်စောစော ထကာ ရှောင်းကျန့်
သားနဲ့ ရိပေါ့်အတွက် မနက်စာပြင်
ရတယ်။ အရင်က သားအတွက်သာ
ဥာဏ်ကောင်းအောင် အရပ်ရှည်အောင်
ခေါင်းစဥ်အမျိုးမျိုးနဲ့ အစားစာကို
သေချာ ဂရုစိုက်ကျွေးတဲ့ ရှောင်းကျန့်က
သူ့အတွက်တော့ Fast food တွေနဲ့
လောက်သာ ပြီးခဲ့ပါတယ်။အဲ့ဒါတွေရဲ့ ဒဏ်ကို ရှောင်းကျန့်က
အခုမှ စုပေါင်းပြီး ခံရတယ်ထင်ပါတယ်။
စောစောကတည်းက သူဆင်ဆင်ခြင်ခြင်
နေခဲ့သင့်တာကို။" Morning! "
" Morning ရိပေါ်
ရိပေါ်သားကို သွားနှိုးပေးလို့ရမလား
မနက်စာပြင်ထားပေးမယ် "" Ok "
ရှောင်းကျန့်လည်း မနက်စာ
ပြင်ပြီးရော သားအဖနှစ်ယောက်က
ရယ်ရယ်မောမော ဆင်းလာကြတယ်။
မနေ့တစ်နေ့ကမှ တွေ့တာကို ဘာတွေများ
ပြောစရာများနေကြသလဲတော့ မပြောတတ်။
မနေ့က ထက်ကို အဆင်ပြေနေတဲ့
အခြေအနေကြောင့် ရှောင်းကျန့်
ဝမ်းသာမိပါတယ်။" Morning ပါးပါး "
" Morning ပေါက်စီလေး
ထိုင် မနက်စာ စားကြစို့ "စားပွဲပေါ် ဟင်းခွက်တွေချတော့လည်း
ရိပေါ်က ဘေးကနေ အကုန်ကူချ
ပေးနေသေးတယ်။ ရိပေါ် အပြုအမူတွေ
အားလုံးက အကုန် ပြောင်းလဲကုန်ပြီ။
အခုဆိုရင် အားကိုးထိုက်တဲ့ ယောကျာ်း
တစ်ယောက် ဖြစ်လို့ နေပါပြီ။" ကျေးဇူး "
" ရှောင်းကျန့်က ဘာစားမှာလဲ "
" ဆန်ပြုတ်ပဲ "
" အဲ့ဒါစားချင်ရဲ့လား မစားချင်ရင်
ကြက်ဥပေါင်းလေး လုပ်ပေးမယ်
ခဏစောင့်လိုက် "" ရပါတယ် ရိပေါ်ရဲ့ "
" ခဏလေးပါ "
ရိပေါ်က သူ့စကားပင်မစောင့်
ကြက်ဥနှစ်လုံးကို ယူပြီးပေါင်းဖို့
လုပ်နေတာမလို့ ရှောင်းကျန့်လည်း
ဆက်တားမနေတော့ပဲ သားကိုသာ
ထမင်းဝင်အောင် ကျွေးလိုက်တော့သည်။" ဒါလေးနည်းနည်းဝင်အောင်စားလိုက် "
" ကျေးဇူး ရိပေါ် "