ကိုယ့် မွေးရပ်မြေကို အပြီး
ပြန်လာရပြီဆိုတဲ့ စိတ်က ရှောင်းကျန့်
ကိုယ်ထဲမှာ ရှိတဲ့ ပျော်ရွှင်မှုတွေကို
အပြည့်အဝနှိုးဆွလိုက်သလို
ပျော်လွန်းလို့ ကြက်သီးတွေပါ
တစ်ကိုယ်လုံး တဖြန်းဖြန်းထသည်။
လေထုတစ်ခုလုံးကတောင်
ပျော်ရွှင်စရာတွေ ယူဆောင်လာ
ပေးနေသကဲ့သို့ ရှောင်းကျန့်
ခံစားနေရသည်။ပထမ တစ်ခေါက်ပြန်လာတုန်းကနှင့်
မတူ အကြောက်တရားတို့ မပါဝင်ပဲ
လွတ်လပ်စွာ အိမ်ကို ပြန်သန်းလာတဲ့
ငှက်ကလေးတစ်ကောင်ပမာ အရာရာ
မြင်သမျှကလည်း လှပလို့နေသည်။" အသက် ဒီလောက်တောင်
ပျော်သလား? "" အင်း "
မျက်လုံးတွေ မှိတ်သွားသည်ထိ
ပြုံးပြကာ ကြည်နူးနေတဲ့ရှောင်းကျန့်ကို
ရိပေါ်က အသဲယားသလို ခေါင်းက
ဆံပင်လေးတွေးကို သပ်ပေးမိသည်။ဟင်းးးးးး.... ပုံမှန် မဟုတ်တဲ့
ဆံပင်ကျွတ် ခြင်းတွေကြောင့်
သူ့လက်ထဲမှာ တော်တော်များများ
ပါလာတဲ့ ဆံပင်ချည်တွေကို ရှောင်းကျန့်
မမြင်ရလေအောင် jacket က
အိတ်ကပ်ထဲ အမြန်ထိုးသိမ်းလိုက်ရသည်။အသက်က ကံကောင်းသည်လား
မပြောတတ်ပေမယ့် ဆေးနှစ်ကြိမ်
သွင်းပြီးတာကိုပင် သူများတွေလို
ဆုံပင်တွေ ရိတ်မပြစ်ရ။ အနည်းနဲ့
အများတော့ ဆံပင်တွေ ကျွတ်သည်။
မနက်ဆိုလျှင် ခေါင်းအုံးအဖုံးဖြူဖြူမှာ
ဆံချည်တွေက ကပ်ကျန်နေတတ်သည်။ရိပေါ် စုံစမ်းကြည့်ရသလောက်
ကတော့ သူများတွေဆိုရင် ပထမ
အကြိမ်ဆေးသွင်းပြီးတာနဲ့ ရိတ်ရသည်
ဟုပြောသည်။ တချို့ကျတော့
နှစ်ကြိမ်မြောက်မှတဲ့ အအုံလိုက်တွေ
ကျွတ်ထွက်တာလို့ ပြောကြပေမယ့်
ရှောင်းကျန့်ကတော့ အဲ့လောက်ကြီး
မကျွတ်သေးပေ။ဆရာမကို မေးကြည့်တော့လည်း
ဒါမျိုးက ရှားရှားပါးပါး ဖြစ်တတ်
ပါတယ်တဲ့။ ရိပေါ်က အဲ့ကျမှ စိတ်
အေးရသည်။ ၈ကြိမ်ပြီးသည်အထိ
ဆံပင်မရိတ်ရရင် ကောင်းမှာပဲလို့
တွေးဖူးသည်။ဒါဟာ ရိပေါ် ရှက်လို့မဟုတ်
ရှောင်းကျန့်ကို စိတ်မကောင်းမဖြစ်
စေချင်လို့ ဖြစ်သည်။ ဘယ်သူမဆို
ရောဂါကြောင့် ဆံပင် ရိတ်လိုက်ရရင်
အနည်းနဲ့ အများတော့ ဝမ်းနည်းကြ
သည်တဲ့။