20 Unicode

9.8K 670 70
                                    

" ကိုကြီး ခဏထိုင် လိုက်အုံး "

ဝမ်ယန် စိတ်နဲ့ လူနဲ့ မကပ်တဲ့ ကိုကြီးကို
ခုံပေါ်မှာ ထိုင်ခိုင်းလိုက်ပြီး အကိုကျိုးချန်ဆီ
အကျိုးအကြောင်း ဖုန်းလှမ်း ဆက်မေးရသည်။

" အကို ဆေးရုံမှာလား အခြေအနေ
သိချင်လို့ လုပ်ပေးပါအုံး "

". ...... "

" ဟုတ် ဟုတ် လာခဲ့အုံး ဒီမှာ ကိုကြီး
အရမ်းစိတ်ပူနေလို့ "

" ကိုကြီး အကိုကျိုးချန်က သူအကျိုး
အကြောင်းလှမ်းမေးပေးမယ်တဲ့
အရမ်း စိတ်ပူမနေနဲ့အုံး "

ခဏနေတော့ ကျိုးချန်က ကပြာကယာ
သူတို့ဆီရောက်လာသည်။

" ရိပေါ် ပါးပါးလည်း အထဲမှာရှိတယ်
ငါဖုန်းဆက်မေးပြီးပြီ အေးအေးဆေးဆေး
ပဲတဲ့ ဒီမယ် ငါ့ကောင် ဒီခွဲခန်းက အထဲမှာ
စုစုပေါင်း ၁၂ခန်း ရှိတယ် ရှောင်းကျန့်
တစ်ယောက်ထဲ ခွဲနေတာ မဟုတ်ဘူးလေ "

ကျိုးချန် စကားကြားတော့မှ ရိပေါ်
သက်ပြင်း ချနိုင်တော့သည်။
ဟုတ်သားပဲ သူမစဥ်းစားမိဘူး စောစောက
လေးတင် ဝင်သွားတဲ့ ခွဲစိတ်လူနာတွေက
ဘယ်နှစ်ယောက်မှန်းတောင်မသိဘူး။

" သတင်းကောင်းတစ်ခုရှိတယ်
ဆရာကြီး ထွက်လာမှ မင်းတို့ကို သေချာ
ရှင်းပြလိမ့်မယ် အခုတော့ ငါကျောင်းကို
ပြန်သွားရမှာမို့ သွားလိုက်အုံးမယ် "

" ကျေးဇူး "

အခုမှ ရိပေါ်ကသူ့အပေါ် စကားကောင်း
ပြောတာဆိုတော့ ကျိုးချန်မှာ ကြောင်သွား
သည်။ အဘယ်ကြောင့်ဆိုသော် သူတို့စတွေ့
ပါပြီ ဆိုကတည်းက ရိပေါ် သူ့ကို မကြည်တာ
သိထားသည်ကိုး။

" အေးအေး ညကျမှ တစ်ခေါက်ပြန်
လာခဲ့မယ် "

ကျိုးချန်လည်း စားမေးပွဲတွေရော
စားတမ်းတွေနဲ့ပါ လုံးပမ်းနေရတာကြောင့်
အခု ရက်ပိုင်းသူ့မှာမအား။ ဒီကြားထဲက
သူ ရှောင်းကျန့် အတွက်သွေး
လှူပေးမယ် ပြောတာတောင် ရိပေါ်က
လက်မခံခဲ့။ ရိပေါ် သူ့အပေါ် အဲ့လို
ဆက်ဆံတာ စိတ်ထဲမှာတော့ ဘယ်လိုမှ
မနေပါ။ သူ့သူငယ်ချင်းအပေါ် လိုလေသေး
မရှိအောင် ကောင်းပေးတာကိုပင်
ကျေးဇူးတင်လှပါပြီ။

No One But You ( Completed ) Where stories live. Discover now