ကျောင်းရှေ့မှာ ရှောင်းကျန့်နဲ့
နှစ်ယောက်တူတူ စောင့်နေရင်း
ရိပေါ် စိတ်တွေ လှုပ်ရှားနေမိသည်။
သားကသူ့ကို လက်ခံပါ့မလား
နှစ်တွေ အကြာကြီး ပြစ်ထားတယ်ဆိုပြီး
စိတ်ဆိုးနေမလား စိုးရိမ်စိတ်တွေက
အပြည့်ဖြစ်လို့နေသည်။ကလေးတွေ ကျောင်းထဲက
တန်းစီထွက်လာတာ မြင်တော့ ရီပေါ်
သားကို အမြန် ရှာမိတယ်။
အပြင်မှာ မမြင်ဖူးပေမယ့်လည်း
ဓာတ်ပုံတွေထဲက ချစ်စရာကောင်း
လွန်းတဲ့ သားကို သူမှတ်မိလိမ့်မယ်
လို့ ယုံကြည်နေပါတယ်။" ဟိုင်း ပါးပါး "
သူတို့ရှေ့ကို ပြေးလာတဲ့ ကလေးလေးကို
ကြည့်ရင်း ရိပေါ် သိလိုက်ပါပြီ သူတို့ရဲ့
သားလေးဆိုတာ။အပြုံးတွေက ချိုလွန်းတာ
ရှောင်းကျန့်နဲ့တူလွန်းတယ်။
ပါးဖောင်းဖောင်းလေးတွေ ဖွေးဥနေတဲ့
အသားအရေလေးတွေ မျက်ရစ်မပါတဲ့
မျက်လုံးလေးက သူ့ပုံစံမှ သူ့ပုံစံ။" ဟိုင်း ပေါက်စီလေး "
" ဟာ ပါးပါးက အဲ့လို မခေါ်ပါနဲ့ဆို "
" အာ သားနဲ့ ဟိုနေ့က
သဘောတူထားတယ်လေ
သူများမရှိရင် ခေါ်လို့ရတယ်လို့ "ရှောင်းကျန့်က သားဆီက လွယ်အိတ်ကို
ယူလိုက်ပြီး ကားနောက်ခန်းထဲကို
ထည့်လိုက်တယ်။" ဒီမှာလေ ဒီ Uncle ရှိနေတာကို "
စူပုတ်ကာ သူ့ပါးပါးကို စိတ်ဆိုးနေတဲ့
သားက သူ့ကိုတောင် လက်ညှိုးထိုးကာ
ဆွဲထည့်လိုက်သေးတယ် ချစ်စရာကောင်း
လိုက်တာ။ရှောင်းကျန့် ခေါ်တဲ့ ပေါက်စီလေး
ဆိုတာမမှားဘူး သူတို့နိုင်ငံမှာ
မနက်တိုင်းစားနေရတဲ့ ပေါက်စီ
ဖွေးဖွေးလေးတွေအတိုင်းပဲ။" ဟားဟား သားကကွာ
သူက သူစိမ်းမဟုတ်ပါဘူး "" အဆို ဘယ်သူလဲ
တစ်ခါမှလည်းမမြင်ဖူးဘူး
ပါးပါး သူငယ်ချင်းလည်း
မဟုတ်ပါဘူးနော် "ချစ်စရာကောင်းအောင်
စဥ်းစားသလိုလုပ်ကာ သူ့ကို
မော့ကြည့်နေတဲ့ပေါက်စီ လေးကြောင့်
သူပြုံးပြလိုက်တယ်။ စိတ်ကောက်ပြီး
ချွန်နေတဲ့ နှုတ်ခမ်းလေးတွေက
ချစ်စရာအတိ။