12 Unicode

9.8K 698 19
                                    

မျက်ခွံပေါ်ကျနေတဲ့ ဆံပင်စတို့ကို
သပ်တင်​ပေး လိုက်ပြီး မျက်ခွံလေးကို
ခပ်ဖွဖွအနမ်းပေးကာ လက်တစ်ဖက်ကို
တင်ကျပ်စွာ ဆုတ်ကိုင်ထားမိတော့သည်။

ပကတိ ကြည်လင်ရှင်းသန့်နေတဲ့မျက်နှာ
လေးက ငေးမောချင်စရာ။ ဒီလိုအေးအေးချမ်း
ချမ်းလေး ရှိနေတာကိုပင် သူ ကျေနပ်နေရပါပြီ။
ဒီလူသားနာကျင်နေတာတွေကိုလည်း
မမြင်ဝံ့တော့။
ဒီလူသား ပင်ပန်းနေတာတွေကိုလည်း
မကြည့်ချင်တော့ပါ။

အတိတ်နေ့ရက်တွေကို
ပြန်လှည့်လို့မရတော့ပေမယ့်
ရိပေါ်ကို နောင်တရလားလို့ မေးလျှင်
သူနောင်တရတယ်လို့ဖြေမိမှာ အသေအချာပင်။
ငယ်ရွယ်စဥ် မရင့်ကျက်မှု
တွေကြောင့် ဒီလူသားကို ပိုပြီး ခက်ခဲစေခဲ့တာ
မဟုတ်လား။

မနက်က တကယ်ပင် သူလန့်သွားတာဖြစ်သည်။
သူမှားသွားတာ ရှောင်းကျန့်ကို သူတစ်ယောက်ထဲ
မထားခဲ့သင့်တာကို ထားခဲ့မိတာ။
လဲကျနေတဲ့ ရှောင်းကျန့်ကို မြင်ရလိုက်ရတဲ့
တစ်ခဏမှာ သူ့ခေါင်းကို မိုးကြိုးပြစ်
ချလိုက်သလိုပင်။
နာကျင်နေတဲ့ ရှောင်းကျန့်ကို မြင်ရတာလည်း
သူ့အတွက် ငရဲပါပဲ။

ဆေးအရှိန်ကြောင့်လားမသိ စောစောက
ခဏနိုးပြီး ခဏနေတော့ အိပ်ပျော်သွားတော့
သည်။ သားထမင်းစားပြန်လာတဲ့အချိန်
ထိတောင် မစောင့်နိုင်တော့။

လက်ဖမိုးလေးကို ခဏအနမ်းပေးမိရင်း
ဟိုဖက်လက်က ဆေးသွင်းထားတဲ့
လက်ကလေးကိုမြင်ရပြန်တော့
ရိပေါ် ရင်ထဲ နေလို့မကောင်း။
လက်ဖမိုးပေါ်မှာ အပ်ပေါက်ရာတွေဆိုတာ
အရမ်းကြီးမများသေးပေမယ့် နောက်ပိုင်း
ဆေးသွင်းရတဲ့ ၇ကြိမ်အပြီးမှာ ဘယ်လောက်တောင်
ဖြစ်သွားမလဲ သူမတွေးရဲ။ နုဖက်ပြီး ဖြူဖွေး
နေတဲ့ လက်ကလေးကို အပ်ပေါက်ရာတွေ
ပလပွနဲ့ သူမမြင်ချင်ပါ။

မနက်က သတိမေ့နေတုန်း အပ်ထိုးတော့
အကြောတွေက အေးစက်နေလို့လားမသိ။
တစ်ကြိမ်နဲ့ မရ နောက်တစ်ကြိမ် ထပ်ထိုးမှ
ရခဲ့သည်။ ထိုနေရာလေးက သွေးတွေစုနေသလို
ဖောင်းဖောင်းလေးဖြစ်နေတာ ကြောင့်
ရေခဲဝတ် ကပ်ပေးဖို့လုပ်ရသည်။

No One But You ( Completed ) Where stories live. Discover now