14 Unicode

8.7K 588 18
                                    

" ကဲ ဆေးရုံဆင်းကြရအောင် "

ရိပေါ်က ရှောင်းကျန့် ဆံပင်လေး
တွေကို သပ်တင်လိုက်ပြီး နှဖူး
လေးကို ခပ်ဖွဖွ နမ်းပေးမိတယ်။
အချိန် အတော်ကြာကြာ မျက်နှာ
လေးကို ငေးကြည့်မိတော့
မနေတတ်ဖြစ်ကာ သူ့ရင်ဘက်ကို
တွန်းလို့ ဖယ်ခိုင်းပါတယ်။

" ပြန်လို့ရပြီလား "

" အင်း အဝတ်လဲ ကြစို့ "

ပြန်ရတော့မယ်ဆိုတော့
သိသိသာသာ ပျော်သွားတဲ့
ရှောင်းကျန့်ကြောင့်
ရိပေါ်က စိတ်မကောင်း။
ဆေးရုံကို မုန်းနေပေမယ့်လည်း
ဆေးရုံကဆင်းချင်ပြီတို့ ဆေးရုံ
မတတ်ချင်ဘူးတို့ ဂျစ်မတိုက်ရှာဘူး
အသက်အရွယ်ကြောင့်လား
ရိပေါ့်ကို ဒုက္ခမပေးချင်တာကြောင့်
လားတော့မသိပါဘူး။

ဆေးတိုက်တော့လည်းလျောလျော
ရူရူ ဆေးထိုးတော့လည်း လျောလျော
ရူရူပါပဲ။ မနေ့က သွေးအားတတ်စေ
မယ့်ဆေးထိုးတုန်းကဆိုရင်
ဆရာမက အပ်အဖုံးဖွင့်လိုက်တော့
မသိမသာ မျက်နှာလေးရှုံ့သွားတာ
ကို မြင်လိုက်ရတဲ့ ရိပေါ်က
အလိုက်တစ်သိ လက်ကလေး
ဆုတ်ကိုင်ထားပေးရတယ်။
ရှောင်းကျန့်လိုဆိုရင်တော့
ကြောက်နေတာတာတောင်သူ့ကို
ဖွင့်ပြောမည်မဟုတ်။

သားကို အငယ်ကောင်က
ကြိုခေါ်သွားပြီဖြစ်တာကြောင့်
ရှောင်းကျန့်ကို အဝတ်အစား
လဲပေးပြီး သူတို့နှစ်ယောက်ပဲ
ပြန်ဖို့ လုပ်ရတယ်။

ပစ္စည်းတွေကလည်း အိမ်ကလူတွေ
လာသယ်ပေးသွားပြီဖြစ်တာကြောင့်
နှစ်ယောက်သား ဘာမှသယ်စရာမလို။
ရှောင်းကျန့်လက်ကလေးကို ဆုတ်ကိုင်း
ရင်း လမ်းလျှောက်လာတော့
Counter ရှေ့က လူနာတွေက
သိသိသာသာရော မသိမသိပါ
ကြည့်နေကြသေးတယ်။

ဆရာမတွေဆီကနေ
ဆေးစာရွက် စာတမ်းတွေ ယူလိုက်တယ်။
တစ်ရက်နှင့် တစ်မနက်လေးနဲ့ ခင်သွားတဲ့
ဆရာဝန်နဲ့ ဆရာမလေးတွေကဆို
နောက်နေ့ ဖလော်ရီဒါ ပြန်တော့မှာဆိုတော့
မှာတမ်းခြွေလို့ မပြီး။

ဟိုဟာ မစားနဲ့ ဟိုဟာစား
ဟိုဟာ မလုပ်နဲ့ ဒါမလုပ်နဲ့
ဟိုဟာ ရှောင် ဒီဟာရှောင်နဲ့
ပြောပေးနေကြတာ။ ကင်ဆာအကြောင်း
ရေးထားတဲ့ စာအုပ်တွေတောင်ထည့်ပေး
လိုက်ကြသေးတယ်။

No One But You ( Completed ) Where stories live. Discover now