13 Unicode

8.8K 632 16
                                    

မနက်အစော ၆နာရီကတည်းက
ရှောင်းကျန့်ကို ဆေးလာချိတ်ပေး
ထားတာကြောင့် မနက်စာကို ရိပေါ်က
ခွံ့ကျွေးရတယ်။
သားကတော့ လူနာစောင့်အိပ်တဲ့
Bed ပေါ်မှာအိပ်နေတုန်းပဲ။

ဆေးရုံက အစားစာတွေကို
မကျွေးချင်တာကြောင့် အိမ်ကို သေချာမှာပြီး
လာပို့ခိုင်းတော့ ဝမ်လုကျဲကလာပို့ပေးတယ်။
ဝမ်ယန်ကတော့ ရိပေါ်အလုပ်တွေလုပ်
နေရတာကြောင့် ဆေးရုံကို လာမကြည့်
နိုင်ပေမယ့် မဆင်းခင်တော့ရောက်အောင်
လာမယ်လို့ ဖုန်းဆက်ထားတယ်။

ရိပေါ်က မလာနဲ့လို့ မပြော ဘာပဲဖြစ်ဖြစ်
ရှောင်းကျန့် အားအင်း နည်းနည်း ဖြစ်လို့
ဖြစ်ညား တတ်နိုင်သလောက် မိသားစုကို
လာတွေ့စေတယ်။

" ရိပေါ် ကျဲ လီယိုကို နှိုးလိုက်
တော့မယ် ၈နာရီတောင် ထိုးနေပြီ "

" အင်းအင်း "

သားကို ကျဲက နှိုးလိုက်တော့
မျက်လုံးက ဝေ့ပြီး ရှောင်းကျန့်ကို
လိုက်ရှာသေးတာ။ သူ့ပါးပါးနဲ့ ဒယ်ဒီ
ကိုသေချာတွေ့တော့မှ နှုတ်ဆက်ပြီး
သူ အန်တီနဲ့ ရေချိုးခန်းထဲပါသွားတယ်။

ရိပေါ်က ရှောင်းကျန့်ကို ထမင်းကျွေး
နေတာကြောင့် ဝမ်လုကျဲကပဲ လီယိုလေးကို
သန့်ရှင်းရေးလုပ်ပြီးတာနဲ့ မနက်စာ
သေချာ ထိုင်ကျွေးနေတယ်။

" ကျဲကို ပင်ပန်းစေမိပြီ "

" မဟုတ်တာ ရှောင်းကျန့်သာ
နေကောင်အောင်နေ ဟုတ်ပြီလား
ကျန်တဲ့ ကိစ္စတွေ ခေါင်းထဲမထည့်နဲ့ "

" ပါးပါး မြန်မြန် နေကောင်းတော့နော် "

ထမင်းစားရင်းနဲ့ သူ့ကို လှမ်းစိတ်ပူနေတဲ့
သားကို သူက အတတ်နိုင်ဆုံးပြုံးပြပြီး
ပြောရတယ်။ မနေ့ကသားအခြေအနေ
ကြောင့် သားရှေ့နေမကောင်းတဲ့
ပုံစံတောင်ထပ်မပြရဲတော့။

" ပါးပါး နေကောင်းနေပါပြီ "

ဝမ်မားမားမွေးထားတဲ့ သားသမီး
သုံးယောက်မှာ ရိပေါ် တစ်ယောက်ပဲ
ဝမ်မားမားနဲ့တူတယ်။ ကျန်တဲ့နှစ်ယောက်
စလုံးကတော့ ဝမ်ပါးပါးလို အေးအေး
ဆေးဆေးတေသားမားတွေ ဖြစ်တယ်လို့
ရှောင်းကျန့် ထင်တယ်။

No One But You ( Completed ) Where stories live. Discover now