4

5.5K 182 1
                                    

ရှောင်းကျန့်က ရိပေါ်ချက်ကျွေးတဲ့
ဟင်းတွေကို ကောင်းကောင်းကြိုက်လို့
ရိပေါ့်မှာ စိတ်ကျေနပ်နေရတယ်။
ဒါပေမယ့် ရေခဲသေတ္တာထဲက မုန်လာဥအနီ
ဖျော်ရည်ခွက်ကို ကိုင်ပြီးလာတဲ့ ရိပေါ့်ကို
မြင်ရင်တော့ ရှောင်းကျန့်က ညှိုးနွမ်း
သွားတတ်တယ်။

ဒါပေမယ့် ရှောင်းကျန့်ကမငြင်းပါဘူး
ရှောင်းကျန့်က လူတစ်ဖက်သား
သူ့ကြောင့်နဲ့ အခက်အခဲ မဖြစ်စေချင်တာ
ညဉ်ဆိုးလား ညဉ်ကောင်းလား
ဆိုတာတောင် ရိပေါ်မသိတော့ဘူး။
ရှောင်းကျန့်က လူတိုင်းအပေါ် အမြဲ
သည်းခံတတ်တယ်။

ရိပေါ်က သောက်စေချင်ရင် သူဘယ်လောက်
မကြိုက်ကြိုက် သောက်ပေးမှာပဲ။
သူ့အတွက်သောက်တာ မဟုတ်ဘူးနော်
အဲ့ဒါ ရိပေါ်အတွက်။ ရိပေါ်ကတော့ ရှောင်းကျန့်
စိတ်ထဲမှာ ရှိတဲ့ အတိုင်းသူ့အပေါ်ဆိုးစေ
ချင်တာ မသောက်ချင်ဘူးမလား
ငြင်းလိုက်။ ရိပေါ်က ဘေးကနေ စိတ်ရှည်လက်ရှည်
ချော့ပြီး တိုက်ချင်နေတဲ့ လူရယ်။

သားကတော့ ကျောင်းသွားခါနီးဆိုတော့
အဝတ်အစား လဲဖို့ဆိုပြီး အိမ်ပေါ် ပြန်တက်သွားတယ်။
သားက ရှောင်းကျန့် အခြေအနေကို
ရိပ်မိနေသလား ထင်ရတယ် အရင်ကလို
ရှောင်းကျန့်က အကုန်လိုက်လုပ်ပေးစရာ
မလိုတော့အောင်၊ ရှောင်းကျန့် မပင်ပန်းရအောင်
သူ့ဟာသူတတ်နိုင်သလောက် လုပ်တယ်။

" ဒီနေ့ ဆေးရုံ ရက်ချိန်းသွားရမှာမလား "

" အင်း "

" သားကို ကျောင်းပို့ပြီး တခါတည်း သွား
ကြတာပေါ့ "

" အင်း "

ဆေးရုံဆိုတဲ့ အသံကြားတာနဲ့ ညှိုးငယ်
သွားတဲ့ ရှောင်းကျန့်ကို ကြည့်လိုက်တော့
ဖန်ခွက်လေးကို ကိုင်လျက် ငြိမ်သက်
နေတော့တယ်။
ဖန်ခွက် မကိုင်ထားတဲ့လက်ကလေးကို
ရိပေါ် ဆုတ်ကိုင်လိုက်တယ်။ ရိပေါ်ကို
မော့ကြည့်လာတဲ့ မျက်ဝန်လေးတွေက
မျက်ရည်တွေ ဝေ့ဝဲလို့နေတယ်။

ဝမ်းနည်းနေတဲ့ မျက်လုံး
လေးတွေ၊ နာကျင်နေတဲ့ မျက်ဝန်းလေးတွေက
ဘာလို့ ဒီလောက်ထိတောင် လှနိုင်ရတာလဲ။

" ကျွန်တော်နဲ့ သားနဲ့ရှိတယ်လေ "

ရိပေါ်ပြောချင်တာ ဘာဆိုတာ သိတဲ့အလား
ခေါင်းငြိမ့်ပြတယ်။ သူတို့နှစ်ယောက်
တစ်ယောက်နဲ့ တစ်ယောက်ကြည့်နေကြတာ
စက္ကန့်တော်တော်များများတောင် မသိလိုက်ပဲ
ဖြတ်ကျော်နေတယ်။

No One But You ( Completed ) Where stories live. Discover now