19 Unicode

8K 620 14
                                    

" ပါးပါးနဲ့ မားမားကို သားကန်တော့
ချင်လို့ "

အသက်က ပြောပြောဆိုဆိုနဲ့ ပါးပါးတို့
နှစ်ယောက်ရှေ့ထိုင်ချလိုက်တော့
မျက်နှာ မကောင်းတဲ့ မိဘနှစ်ပါးက
မနည်း ဟန်လုပ်နေရသည်။
မားမားဆို ရှောင်းကျန့်
ခွဲစိတ်ရတော့မယ်လို့ ရက်အတိအကျ
သိရတဲ့ နေ့ကတည်းက မျက်နှာသိပ်မကောင်း
ချင်တော့။ အရင်တုန်းက သားစိတ်နဲ့
ချစ်မပေးနိုင်ခဲ့ပေမယ့် အခုစိတ်လျော့
လိုက်မှ မားမားကို ရှောင်းကျန့်ကို
အရမ်းချစ်သွားပုံရပါတယ်။

တခါတလေဆိုရင် ရိပေါ်ထက်တောင်
အကဲ ပိုတတ်သေးတယ်။ ရေချိုးတာတောင်မှ
ဘယ်အချိန်ချိုးရမယ် ဘယ်အချိန်ဆို
မချိုးရဘူးအထိ အတိအကျ လုပ်ခိုင်းတတ်
သည်။ ရှောင်းကျန့် အကြောင်းဗေဒင်
သွားမေးတာဆိုရင် ဆရာဆယ်ယောက်
မကတော့ နောက်က လိုက်ရတဲ့ ပါးပါး
ကပင် မလိုက်နိုင်တော့တာကြောင့်
Driver နဲ့ လွှတ်ရသည့် အဖြစ်ထိ
ရောက်ဖူးသည် မဟုတ်ပါလား။

" သားကြီး ကျန်းမာပါစေ
ဒီခွဲစိတ်မှုကြီးကို အောင်မြင်စွာ
ကျော်ဖြတ်နိုင်ပြီး ဒီမိသားစု ပျော်
ရွှင်စွာ နေထိုင်သွားနိုင်ပါစေ "

" ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ မားမား "

ရှောင်းကျန့်က သန်ဘက်ခါ ခွဲစိတ်
ရမှာ ဖြစ်တဲ့ အတွက် ဆေးရုံကို
တစ်ရက်ကြိုတတ်ကာ ပြင်ဆင်မှုတွေ
စစ်ဆေးမှုတွေ ပြုလုပ်ရမှာ ဖြစ်သည်။
ဒီ့မတိုင်ခင်လည်း Physiotherapist
ကလာပြီး အိမ်မှာတင် ခွဲမစိတ်ခင် လုပ်ရသည့်
အသက်ရှူလေ့ကျင့်ခန်းတွေပါ ကြိုလုပ်ပေးသည်။

" သားအခန်းကို ခဏသွားအုံးမယ် '
ရိပေါ် ကားပေါ်က စောင့်မလား ''

ရိပေါ်လည်း ရှောင်းကျန့် မလိုက်
စေချင်မှန်း သိတာကြောင့် နေခဲ့လိုက်သည်။
သားအဖနှစ်ယောက်ကို အချိန်ခဏပေး
ရမယ်မလား။

ရှောင်းကျန့်က အိပ်ပျော်နေတဲ့ သားရဲ့
နှဖူးလေးကို ခပ်ဖွဖွ နမ်းပေးမိတယ်။
ဒီရက်ပိုင်းတွေမှာ သားကို ပြစ်ထားခဲ့ရတာ
ကြာပြီ ဖြစ်သည်။ သူခံစားနေရတာတွေ
သားကို မမြင်စေချင်တာကြောင့်
သားကို သူ့အနား သိပ်ပြီး အကပ်မခံ
ခဲ့ရတာ။

No One But You ( Completed ) Where stories live. Discover now