ရှောင်းကျန့်က မနက်မိုးလင်းလို့
နှိုးလာတော့ ေဘေးကနေ သူ့ကို
မျက်နှာမူလို့ အိပ်နေတဲ့ သားနဲ့
ရိပေါ့်ကိုကြည့်ပြီးပြုံးလိုက်မိတယ်။
အိပ်ပျော်နေတာတောင် တစ်ပုံစံထဲ
ဖြစ်နေတာတော့ သြချရလောက်ပါတယ်။အိပ်နေရင် သားရဲ့ အကျင့်အတိုင်းပဲ
လက်သီးလေးတွေ တင်းတင်းဆုပ်လို့
ချွေးတွေများပျံနေမလားဆိုပြီး
လက်ဖဝါးနှစ်ဖက်ကို ဖြန့်ကာ အနမ်း
ပေးမိတယ်။ပြီးတော့ ဖောင်းကားနေတဲ့
ပါးလေးကိုလည်း အသာအယာ အနမ်းလေး
ပေးလိုက်တယ်။မျက်တောင် တိုတိုစိတ်စိတ်ကလေးတွေနဲ့
တအားချစ်စရာကောင်းတဲ့ နှစ်ယောက်
အဝ ထိုင်ကြည့်နေမိသည်။
ဖြူဖွေးနေတဲ့ ပါးလေးတွေ နှစ်ယောက်လုံး
မှာ ခပ်ဖောင်းဖောင်း ။ ခပ်စူစူလေး
ဖြစ်နေတဲ့ နှုတ်ခမ်းရဲရဲလေးတွေ။မနိုးသေးတဲ့ နှစ်ယောက်ကို မနှိုးတော့ပဲ
ထားလိုက်ပြီးတော့ ရှောင်းကျန့်က
အရင် ရေချိုးခန်းဝင်ပြီး သွားတိုက်မျက်နှာ
သစ်ကာအရင်တုန်းကလို အိမ်ရှေ့ကရေကန်လေးမှာ
သစ်ရွက်ခြောက်တွေ ဖယ်ရတယ်။ဒီအိမ်လေးကို ရိပေါ်ဝယ်ပေးထားတဲ့
အတွက် ရှောင်းကျန့်က ပြောမပြတတ်အောင်
ဝမ်းသာနေမိတာ။
ဒီအိမ်လေးက သူ့အတွက် အဓိပ္ပါယ်တွေ
အများကြီးရှိတဲ့ အိမ်လေးပါ။
ပါးပါး၊ မားမားနဲ့ အတူတူနေခဲ့တဲ့အိမ်လေး
ပြီးတော့ ရိပေါ်နဲ့ပါ အတူတူအချိန်တွေ
ကုန်ဆုံးခဲ့တဲ့ အိမ်ကလေးဖြစ်တယ်။သူထွက်သွားဖို့လုပ်တုန်းက ဒီအိမ်လေးကို
မရောင်းခဲ့ချင်ပေမယ့် သူ့မှာ ပိုက်ဆံ
လိုနေတဲ့အတွက်ရောင်းခဲ့ရတယ်။
နောက်ပြီးတော့ သူ ဒီနိုင်ငံကို ဘယ်တော့မှ
ပြန်မလာတော့ဘူးလို့ တွေးထားတာကြောင့်
လည်းပါ ပါတယ်။" အသက်~ "
နောက်ကနေ အိပ်ချင်မူးတူးအသံနဲ့
သူ့ကို ခေါ်ကာ ခါးတစ်ဝှိုက်ကနေဖက်လိုက်
တာကြောင့် အတွေးလွန်နေတဲ့ ရှောင်းကျန့်
က ဆက်ကနဲ့ တုန်သွားတော့တယ်။" လန့်သွားတာလား "
" အင်း အတွေးလွန်နေလို့