အပိုင်း (၄) Zawgyi

1.7K 78 8
                                    

ဝမ်ရိပေါ် ညကနှစ်ခြိုက်စွာအိပ်ပျော်သွားတာမို့ အိပ်ရေးဝနေတာမို့ လူကလဲလန်းဆန်းနေသည်။ ဒယ်ဒီဆုံးပြီးနောက်ပိုင်း သူ ပထမဦးဆုံးနှစ်ခြိုက်စွာ အိပ်ပျော်ခြင်းဖြစ်သည်။ စားပွဲ‌ပေါ်က ဖုန်းကိုလှမ်းယူရင်း စားပွဲတင်နာရီကိုကြည့်မိတော့ မနက် ၈နာရီခွဲ။ ဖုန်းထဲမှာ ပီတာ ပို့ထားတဲ့ mission အကြောင်းအရာတချို့ကို ဖတ်လိုက်ပြီး သူရှာခိုင်းတဲ့အကြောင်းအရာတချို့ကို ရှာဖွေပေးကာ ပြ

န်ပို့ထားလိုက်သည်။

အိပ်ယာပေါ်ကဆင်းပြီး ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်။ သူဒီနေ့ သွားရမယ့်လမ်းကြောင်းတွေရှိနေသည်လေ။ မနေ့က မစားဖြစ်တဲ့ အသင့်စားထမင်းဗူးလေးကို တွေ့တော့ ရှောင်ကျန့်ဆိုတဲ့လူက အာရုံထဲဝင်လာသည်။ ထမင်းဗူးလေးကို အပူပြန်ပေးရင်း Laptop ကိုဖွင့်ကာ အင်တာနက် စာမျက်နှာပေါ်က search box မှာ Xiao Zhan ဆိုပြီး ရိုက်ချလိုက်သည်။

ကျလာတဲ့သတင်းတွေတစ်ချို့ကိုဖတ်ပြီး Xiao Zhan ဒီလူကတော်တော်အောင်မြင်ခဲ့တာပဲလို့ ၀မ်ရိပေါ်မှတ်ချက်ချမိသည်။ Xiao Zhan the best song ဆိုတဲ့ Link လေးကို Click လုပ်ရင်း နံနက်စာစားရင် ကျန်တဲ့သတင်းတွေကို ဆက်ဖတ်လိုက်သည်။ ထွက်ပေါ်လာတဲ့ အသံချိုချိုလေးကြောင့် ဒီလူအပြုံးတင်မကဘူး အသံပါချိုတာပဲလို့ ၀မ်ရိပေါ် မှတ်ချက်ပေးမိပြန်သည်။

အဆိုတော်သရုပ်ဆောင်ရှောင်ကျန့် မူးယစ်ဆေးသုံးစွဲမှုနဲ့ အဖမ်းခံရ ဆိုတဲ့သတင်းခေါင်းစဉ်ကို ၀င်ဖတ်ကြည့်ရင်း ထိုလူရဲ့ နာကျည်းမှု ပြည့်နေတဲ့ မျက်ဝန်းရဲရဲ ကိုမြင်ယောင်မိတယ်။ ဒါတွေအားလုံးက ထိုလူပြောခဲ့သလိုပဲ လွန်ခဲ့တဲ့ ၃ နှစ်က သတင်းတွေဖြစ်တယ်။ ၀မ်ရိပေါ် ဒယ်ဒီ့ကိုကူညီပြီး သတင်းလိုက်စဉ်ကာလတုန်းက မူးယစ်ဆေးသုံးစွဲသူအများစုကို ကြုံတွေ့ဖူးသည်။

ရှောင်ကျန့်ကဆေးသုံးခဲ့တဲ့တယ်လို့ပြောရလောက်အောင် လက္ခဏာတွေမတွေ့ရတာမို့ ထိုလူဘာတွေဖြစ်ခဲ့တာလဲဆိုတဲ့ အတွေးတွေ ၀င်လာမိသည်။ ၀မ်ရိပေါ် တွေးရင်း Xiao Zhan Birthday ဆိုတဲ့ video file လေးကိုဖွင့်ကြည့်လိုက်တယ်။ WTF !!!! တစ်ကယ်ကြီးလား.. လွန်ခဲ့တဲ့ ၃နှစ်က ၂၉နှစ်ပြည့်တာဆိုတော့ ခု ထိုလူရဲ့ အသက်က ၃၁နှစ်ထဲမှာပေါ့ ..ဘာလဲ ငါ့ထက် ၆ နှစ်တောင် ကြီးတာလား.???

String (Complete )Where stories live. Discover now